ညနေဘက် ပွဲစီစဉ်ထားတဲ့ဟိုတယ်မှာ...
ပွဲစခါနီးအချိန် ဖိတ်ထားတဲ့ဧည့်သည်တွေ. ရှယ်ယာရှင်တွေလဲစုံနေပြီမို့ အစီစဉ်စဖို့နီးနေပြီဖြစ်သည်။ဟိုဆော့နဲ့ ဂျီမင်တို့ကိုသာတွေ့ပြီး ဂျောင်ကုက အခုထိရောက်မလာသေးတာကြောင့်...ဖုန်းခေါ်ကြည့်တော့လဲမကိုင်၍...ဂျီမင်တို့ရှိရာဆီ သူလျှောက်သွားလိုက်ကာ ဖုန်းခေါ်ကြည့်ပေးဖို့ပြောလိုက်သည်။
"မကိုင်ဘူးကွ...စောင့်မနေနဲ့ကွာ စ စရာရှိတာသာစလိုက်တော့ ဧည့်သည်တွေအားနာဖို့ကောင်းတယ်"
"ဟူးးးး အိုခေ"
ခနနေတော့ Presenter ကို အစီစဉ်စဖို့ပြောကာ...ပွဲစတင်ကြောင်းကြေငြာပြီးတာနဲ့ သူစကားပြောရမယ့်အစီစဉ်ဖြစ်တာကြောင့် စင်ပေါ်မှာနေရာယူလိုက်သည်။
ကျေးဇူးတင်စကားပြောပြီး. ကုမ္ပဏီကိုဒီထက်ပိုတိုးတက်အောင်မြင်ရန် ကြိုးစားသွားမည်ဆိုတဲ့အကြောင်းသူပြောနေစဉ်မှာပဲ...
ဂျောင်ကုဝင်လာကာ တာဝန်ရှိသူဝန်ထမ်းက ဂျီမင်တို့ဝိုင်းမှာနေရာချပေးတာ သူလှမ်းတွေ့လိုက်၏။သူပြောလို့ပြီးတော့ အန်တီ. ကိုကို. မေမေတို့နဲ့အတူတစ်ဝိုင်းထဲထိုင်နေတဲ့ ရှယ်ယာရှင်တစ်ချို့ကိုနှုတ်ဆက်ရန်...ကိုကို့ဘေးနားကပ်လျက်ခုံမှာဝင်ထိုင်လိုက်သည်။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰