ကိုကိုနဲ့ညှိနှိုင်းမှုတွေလုပ်ပြီးနောက်နေ့မှာ ဆော့ဂျင် ကိုရီးယားကိုပြန်ဖို့ကိစ္စပြင်ဆင်တော့ မေမေကထပ်နေဖို့တားသည်။"သားရယ်အလွမ်းတောင်မပြေသေးဘူး ပြန်တော့မှာလား"
"Jin ဒီမှာနေရင်ရော မေမေက Jin အနားကပ်လို့လား အလုပ်ချည်းပဲဖိလုပ်နေပြီးတော့ ဟွန့်"
"သားကိုယ်တိုင်အလုပ်လုပ်တဲ့အခါကျရင် သိလာလိမ့်မယ်။ အဲဒီတော့မှ မေမေတို့ကို သားကိုယ်ချင်းစာလာမှာ"
"ဟုတ်ပါပြီ Mrs. Kim ရယ်...သားလဲ ဟိုရောက်ရောက်ချင်းဘာမှလုပ်မှာမဟုတ်သေးပါဘူး။ လုပ်ငန်းခွင်မဝင်ခင် တစ်နှစ်နီးပါးလောက်တော့ ပေါ့ပေါ့ပါးပါးနေချင်သေးတာဆိုတော့ ဟော့ဒီက Mrs. Kim ဆီမကြာမကြာဖုန်းခေါ်ပါ့မယ် ဟုတ်ပြီလား"
"ငါ့သားလေးကို ကိုရီးယားမှာအဲ့လောက်ပျော်သွားလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ မိဘတွေနဲ့အကြာကြီးနေလို့ရသေးတာကို ချက်ချင်းကိုပြန်တော့တာပဲ"
"ကိုရီးယားသွေးအပြည့်ပါတာဖြစ်လိမ့်မယ် ဟီးဟီးးး"
ဆော့ဂျင်အရူးကွက်နင်းပြီးပြောတော့ မေမေက မျက်စောင်းလေးချီကာ 'ဘာမှလဲမဆိုင်ဘူး' ဟုဆိုသည်။
မနက်ဖြန် ဆော့ဂျင် ပြန်လာမယ့်အကြောင်းကို ဂျောင်ကုအားပြောတော့ သူမအားလို့လေဆိပ်မှာ လာမကြိုလို့မရဘူးဟုပြောသည်။ အမှန်အတိုင်းပြောရရင် ဂျောင်ကုအား သူစိတ်ခုမိသည်။ ဘယ်လောက်ပဲသူ့ကိုစိတ်ဆိုးနေတယ်ပြောပြော သူ့ကိုလွမ်းနေရမှာ တွေ့ချင်နေရမှာ မဟုတ်ဘူးလား။ ယုန်စုတ်...တွေ့မှလည်ပင်းညှစ်ပစ်မယ်။
ကိုကိုနဲ့ဆော့ဂျင်က နောက်နေ့ကစပြီး အရင်လိုပုံမှန်အတိုင်းပြန်ဖြစ်သွားကာ မနေ့ကနှစ်ယောက်သား အပြင်လျှောက်လည်ပြီး hangout လုပ်ခဲ့ကြသည်။ အဆင်မပြေပေမယ့် ပြေချင်ယောင်ဆောင်နေတယ်ဆိုတာ ကိုကို့မျက်ဝန်းတွေကတစ်ဆင့် ဆော့ဂျင်ခန့်မှန်းမိပါသည်။ ဂျောင်ကုအတွက်နဲ့ Jin ပထမဆုံးစွန့်လွှတ်လိုက်ရတဲ့အရာက ကိုကို့ရဲ့အချစ်တွေကိုပါ။
ကိုကို့ဆီတင်သွားတဲ့အကြွေးကို Jin အခွင့်အရေးရတဲ့အခါပြန်ဆပ်ပါ့မယ် ကိုကို။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰