(အမှောင်မကြိုက်တဲ့ ညမလေးတို့ မကြီးတို့ ဒီအပိုင်းကို အစပိုင်းလေးပဲဖတ်နော် 🫣)ဆော့ဂျင် ဟိုကိုမပြန်ဖြစ်တော့၍ အဖွားနဲ့အန်တီကတော့ အပျော်ကြီးပျော်နေကြသည်။ သူနဲ့ဂျောင်ကုအကြောင်းကို မပြောလဲရိပ်မိနေမှာမို့ ပွင့်ပွင့်လင်းလင်းပဲဖွင့်ပြောလိုက်ကြသည်။ မေမေတို့ဆီသတင်းမပို့ဖို့ ဆော့ဂျင်မှာ တရော်ကင်ပွန်းနဲ့ ရုံးပတီသီးပေါင်းထားတာကတောင် အရှုံးပေးရအောင်ချွဲနွဲ့ပြီး မျက်ရည်ခံထိုးကာပူဆာထားရခြင်းဖြစ်သည်။ နောက်ဆုံးတော့အဖွားလဲ ငါ့မြေးလေး စိတ်ဆင်းရဲနေတာမကြည့်ရက်ဘူး ငါ့မြေးပျော်ရမယ့်လမ်းဖြစ်ရင်ပြီးတာပဲဟုဆိုကာ လိုက်လျောပေးခဲ့၏။
ဂျောင်ကုမိဘတွေကလဲ သူ့သားကိုဆော့ဂျင်နဲ့သာဆိုရင် စိတ်ချတယ်ဟုသာပြောပြီး လျှောလျှောလျူလျူ တွဲဖို့ခွင့်ပြုပေးခဲ့ရာ အခုဆိုရင်ဖြင့်သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်နှစ်တောင်ပြည့်တော့မည်ဖြစ်သည်။
ဂျောင်ကု ဒယ်ဒီလဲ ဂျောင်ကုဝါသနာပါတဲ့လမ်းကြောင်းပေါ်လျှောက်ဖို့ခွင့်ပြုပေးခဲ့ရာ ဂျောင်ကုလက်တွဲချင်တဲ့ entertainment များသို့ form သွားတင်ထားပြီး Audition ခေါ်မယ့်အချိန်ကိုသာစောင့်နေလိုက်၏။ သူ့ဒယ်ဒီက သူ့အဆက်သွယ်တွေကနေတစ်ဆင့် ကူညီပေးမယ်ပြောပေမယ့် ကိုယ့်အရည်ချင်းနဲ့ကိုယ်ပဲကြိုးစားမည်ဆိုကာ လက်မခံခဲ့။
ဆော့ဂျင်လဲ အန်တီ့ရဲ့ company မှာကျတော့ လုပ်ငန်း nature ချင်းမတူတာကြောင့်၊ ဖေဖေ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ company တစ်ခုမှ Project Management Department မှာပဲ ယွန်းဂီနဲ့အတူ အသေးစိပ်နားလည်သဘောပေါက်ရန် စတင်လေ့လာတော့မည်ဖြစ်သည်။ အခြေခံသဘောတရားကအစသိထားမှ သူများကိုကုယ်ကပြန်ခိုင်းလို့အဆင်ပြောမှာမလား။
ယွန်းဂီအဖေနဲ့ ဆော့ဂျင်အဖေက ဟိုမှာလဲစီးပွါးရေး partner တွေဖြစ်တာကြောင့် ဒီမှာဆော့ဂျင်စတင်ဖြစ်ရင် ယွန်းဂီနဲ့ပဲအကျိုးတူပူးပေါင်းလုပ်မှာဖြစ်သည်။
ထိုအလုပ်မှာ လုပ်ကိုင်ရင်းလုပ်ငန်းခွင်မှာ အသုံးဝင်စေရန် Business Strategy Course တစ်ခုကိုလဲ လတို Diploma သင်တန်းတက်ရောက်မှာဖြစ်သည်။ တကယ်ဆို ဆော့ဂျင်ရဲ့မူလအစီစဉ်က ကျောင်းပြီးရင် Sydney မှာ Master ထပ်တက်ဖို့ဖြစ်ပေမယ့် အခုတော့အခြေနေအရ အစီစဉ်တွေပြောင်းလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰