ယနေ့ ဂျောင်ကုရဲ့ camp ကာလပြီးသွားပြီဖြစ်သည်။ Album မထုတ်ခင် single song အတွက်အသံသွင်းဖို့နဲ့တခြားကိစ္စတွေလုပ်ဖို့မတိုင်ခင် ဂျောင်ကုအား နှစ်ပတ်အနားပေးထားမည်ဖြစ်သည်။နှစ်ပတ်ပြည့်ရင်တော့ ငါးနှစ်စာချုပ်လဲ တစ်ခါတည်းချုပ်ရမည်ဖြစ်သည်။သူသွားကြိုတော့ ကားပေါ်မတက်ခင် camp ကာလမှာခင်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ပွေ့ဖက်နုတ်ဆက်နေကြသည်။ ဂျောင်ကုက အခုလိုဘေးပတ်ဝန်းကျင်ကသူတွေနဲ့ လက်ပွန်းတတီးရှိတာ သူတကယ်သဘောကျပါသည်။ ဂျောင်ကုအထီးကျန်နေတဲ့ပုံစံကိုသူမမြင်ချင်ပါ..။
သူ့အိမ်ကို မိဘတွေနဲ့အရင်သွားတွေ့ဖို့ပြောပေမယ့်...
"ဟင့်အင်း...ကိုယ်တို့ရဲ့အိမ်လေးကိုပဲပြန်ရအောင် ဆော့ဂျင်"
ကားပေါ်မှာလဲ စကားသိပ်မပြောပဲဆော့ဂျင်ရဲ့လက်တစ်ဖက်ကိုသာ မလွတ်တမ်းကိုင်ထားသည်။ ကွန်ဒိုသို့ရောက်တော့ ရေချိုးပြီးနောက် ဆော့ဂျင်ချက်ပေးထားတဲ့ဟင်းတွေနဲ့ ထမင်းကိုမြိန်ရေရှက်ရေစားနေသည်။ စားလို့ကောင်းလားမေးတော့ သူ့မှာပြန်မဖြေနိုင်အား လက်မလေးသာထောင်ပြသည်။
ဒီနေ့ ဂျောင်ကုနဲနဲထူးဆန်းနေသလိုခံစားမိ၍ ဘာများလဲဟုသူသိချင်လာမိသော်လဲ သူပြောလာတာကိုသာစောင့်လိုက်မည်ဟု တွေးထားလိုက်သည်။
ထမင်းစားပြီးတော့ အသီးနှံစားရင်းစကားပြောဖို့ဆိုဖာပေါ်မှာသွားထိုင်လိုက်ကြသည်။ ဂျောင်ကုက ဆော့ဂျင်အားရင်ခွင်ထဲထည့်ပွေ့ထားပြီး ဆော့ဂျင်ခေါင်းပေါ် သူ့ခေါင်းလေးစောင်းတင်ပြီး ပါးလေးအပ်ကာ....
"ဆော့ဂျင် နောက်အပတ် June 4ရက်နေ့ကဘာနေ့လဲသိလား"
"မသိပဲနေပါ့မလား ငါတို့ရဲ့ 2nd year anniversary ပေါ့"
"အဲ့ဒီနေ့ကို ကိုယ်တို့တစ်နေရာရာကိုခရီးထွက်ကြရင်မကောင်းဘူးလား ဆော့ဂျင်အချိန်ရလား"
"ဝေးဝေးလံလံမဟုတ်ပဲ တစ်ညအိပ်ပဲဆိုရင်တော့ရပါတယ်"
"ဒါဆိုကိုယ်တို့ ဂျယ်ဂျူကျွန်းကိုပဲထပ်သွားကြမလား...ဟိုမှာအချိန်ပိုရအောင် flight နဲ့ပဲသွားကြမယ်လေ"
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰