Part 02

506 55 5
                                    


"ဆော့ဂျင်...ဟီဘင်းတို့ကမင်းကို ကြည့်ကြည့်နေတာကြာပြီ. မင်းသတိထားနေနော် အဲ့ကောင်တွေအကြည့်ကတစ်မျိုးပဲ"

"ဂျီမင်ပြောတာဟုတ်တယ် ဆော့ဂျင်...ငါလဲသတိထားမိတာကြာပြီ. ဒီကောင်တွေကလွယ်တာမဟုတ်ဘူး။ ကျောင်းမှာသူတို့ရန်မရှာဖူးတဲ့သူကခပ်ရှားရှား. ငါတို့အဖွဲ့ကိုတောင် ဂျောင်ကုရှိနေလို့လွှတ်ထားပေးတာ"

ဂျီမင်နဲ့ဟိုဆော့ စကားဆုံးတော့ ဆော့ဂျင်ကခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး ခပ်ထေ့ထေ့တစ်ချက်ပြုံးလိုက်သည်။

"ဟုတ်လား ငါကသတိထားရမယ်ပေါ့...ဟက်"

ဆော့ဂျင်ရဲ့နူးညံ့မှုဆိုတဲ့အလွှာပါးလေးအောက်က အေးစက်စက်မာကျောမှုလေးတွေကို ဂျောင်ကု လှစ်ဟကြည့်ချင်မိသည်။
အခုလဲကြည့်ပါလား...ခုနက နှုတ်ခမ်းလေးချွန်. ပါးလေးဖောင်းပြီး မုန့်ထုပ်ထဲကအာလူးကြော်တွေကို တမြုံ့မြုံ့စားနေတဲ့ ရှဉ့်ပေါက်လေးက သူမဟုတ်တော့သလိုပင်။

အမျိုးမျိုးသောဆန့်ကျင်ဘက်ပုံစံနှစ်မျိုးကို ဆော့ဂျင်ဆီမှာ မကြာခဏတွေ့ရတတ်သည်။

ဆော့ဂျင်က စာလိုက်အလုပ်အဆုံးကျောင်းသားမို့ အတန်းထဲကသူတွေ ကျောင်းပျက်ကြတဲ့အခါ ဆော့ဂျင်ဆီမှစာအုပ်လာငှါးလေ့ရှိကြသည်။
လာငှါးတဲ့အခါတိုင်းဆော့ဂျင်ကဘယ်တော့မှမငြိုငြင်. နားမလည်တဲ့စာရှိရင်တောင်ရှင်းပြလိုက်သေးတယ်။

တစ်ခေါက်ကျောင်းသူတစ်ယောက် Friday လိုနေ့မျိုးမှာ ဆော့ဂျင်ဆီမှစာအုပ်ငှါးပြီး Monday ကျောင်းပြန်တက်တော့ စာအုပ်ပျောက်လာခဲ့တယ်။ စာအုပ်ကအသစ်ထုတ်ထားတာသိပ်မကြာသေးတော့ လိုက်မှတ်ထားတဲ့ Lecture ကသိပ်မများလို့တော်သေးတယ်။

အဲ့ဒီတုန်းက ဆော့ဂျင်ကလုံးဝစိတ်မဆိုး...ပျောက်သွားပြီးမှဘယ်တတ်နိုင်မလဲလို့သာပြောခဲ့တယ်...တကယ်လဲဆော့ဂျင်စိတ်မဆိုးခဲ့..။
ဒါပေမယ့် အဲ့ဒီနောက်ပိုင်းကစပြီး ဆော့ဂျင်ဘယ်သူ့ကိုမှ စာအုပ်မငှါးတော့ပေ။
သူစာအုပ်မငှါးတော့တဲ့အကြောင်းကို အတန်းသားအားလုံးမြင်သာတဲ့ ဆရာစာသင်တဲ့ whiteboard မှာစာသွားရေးပြီး အတန်းသားအားလုံးကိုသိစေခဲ့သည်။

OxygenWhere stories live. Discover now