Part 25

583 53 9
                                    



"ဘယ်အဆင့်ရောက်နေပြီလဲ တော်တော်ဆိုးနေပြီလား...ငါ့ကိုသေသေချာချာပြောပြစမ်းပါ ယွန်းဂီရာ"

ဂျောင်ကုက ဆောက်တည်ရာမရသည့်ပုံစံဖြင့် ယွန်းဂီပုခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာ မေးလာသည်။

ပြီးတော့မှ မကြားချင်တော့သလိုမျိုး လက်တကာကာဖြင့်....

"ဟင့်အင်း. ဟင့်အင်း...မဖြေနဲ့တော့ ဘာပဲဖြစ်ဖြစ် ဆော့ဂျင်ကိုငါကရအောင်ကယ်မှာမို့လို့ ဆော့ဂျင်ဘာမှမဖြစ်စေရဘူး..

ဆော့ဂျင်ကို ငါပြုစုပေးရမယ်... Yeobo က သူနေမကောင်းရင် ငါပြုစုပေးတာကိုအကြိုက်ဆုံးပဲလို့ပြောဖူးတယ်။ ငါပြုတ်ပေးတဲ့ ခရုဆန်ပြုတ်ကိုလဲ သူအရမ်းကြိုက်တာ။ ဆော့ဂျင်ဆီ ငါလိုက်သွားမှရမယ် ယွန်းဂီ"

ခုနကအထိ စိတ်ပျက်အားလျော့နေတဲ့ဂျောင်ကုက တစုံတရာကိုသူတာဝန်ယူရတော့ပုံစံမျိုး ရုတ်တရက်ပြောင်းလဲသွားကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

အခန်းအပြင်ပြေးထွက်မယ်လုပ်နေတဲ့ ဂျောင်ကုကို လိုက်ဆွဲရင်း...

"ခဏလေး သတိထားပါဦးဂျောင်ကု...ဆော့ဂျင်ကအခု ကိုရီးယားမှာမဟုတ်ဘူးလေ။ မင်းသူ့ဆီလိုက်သွားချင်ရင် ငါကူညီပေးလို့ရတယ်။ ဒါပေမယ့် မင်းပုံစံကဒီလိုဖြစ်နေရင် ဆော့ဂျင်ကမင်းကိုမကြိုက်တော့ပဲနေလိမ့်မယ်။ ဒီမှာ မှန်ထဲမှာကြည့်စမ်း..ဒီလိုပိန်ချုံးပြီး ဆံပင်ဘုတ်သိုက်ဖြစ်နေတဲ့မင်းကိုမြင်ရင် ဆော့ဂျင်က အနားအကပ်မခံချင်ပဲ စိတ်ပျက်သွားမှာပေါ့"

"ဒါဆို ငါဘာလုပ်ရမှာလဲ"

"မင်းအစားများများစားပြီး...အကြာကြီးအိပ်ပစ်လိုက်. အဲ့လိုလုပ်ရင် ဆော့ဂျင်နဲ့တွေ့ရမယ်. ဘယ်လိုလဲလုပ်မှာလား"

"ဟုတ်တယ်..ငါအားရှိနေမှ ဆော့ဂျင်ကိုပြုစုလို့ရမှာ ငါဘယ်နှစ်ရက်လုပ်ရင်ရလဲ"

"အင်း...သုံးရက်ပဲလုပ်..အဲ့ဒီသုံးရက်အတွင်းမှာ ငါကဆော့ဂျင်ဆီလိုက်သွားဖို့စီစဉ်ထားလိုက်မယ်"

ယွန်းဂီပြောထားတဲ့ သုံးရက်မြောက်နေ့မှာ ဂျောင်ကုက အနည်းငယ်ပုံမှန်ပြန်ဖြစ်လာပြီး သူတို့အားဖြစ်ကြောင်းကုန်စင်ပြောပြလာခဲ့သည်။
ဒီကိစ္စကိုသူကိုယ်တိုင်ဖြေရှင်းပြီး ဆော့ဂျင်ကိုသူ့ဆီပြန်လာအောင် ကြိုးစားမည်။ ဆော့ဂျင်အနားသို့ကပ်ခွင့်ရမှ ဆော့ဂျင်ကိုသူပြုစုလို့ရမှာဟု ပြောလာသည်။

OxygenWhere stories live. Discover now