အခန်းထဲရောက်ရောက်ချင်း ဂျောင်ကုမှ ဆော့ဂျင်အားမြင်မြင်ချင်း ခုံအနားသို့လျှောက်လာပြီး လက်ကိုစိုးရိမ်တကြီး လှမ်းကိုင်ကြည့်ကာ..."လက်ကဘာဖြစ်တာလဲ ဆော့ဂျင်"
"အာ...မနေ့ကအမှိုက်ရှင်းရင်းနဲ့ မတော်တဆဖြစ်သွားတာ"
"ဟုတ်ပါရဲ့...အဆင်ပြေရဲ့လားဆော့ဂျင်"
"သေးသေးလေးပါကွာ..ဖွား ကစိုးရိမ်လွန်ပြီးပတ်တီးစည်းပေးထားတာ"
ဟိုဆော့မှ- -
"ဘယ်အမှိုက်ကိုရှင်းရတာလဲ ဆော့ဂျင်...ပြစ်ဒဏ်ခံရအောင်လဲ မင်းကကျောင်းစည်းကမ်းဖောက်ဖျက်မယ့်သူမျိုးလဲမဟုတ်ပါဘူး"————
နေ့လည်ကျောင်းကန်တင်းကိုရောက်တော့
"ဟျောင့်...ပုဂျီမင်"
"ရားးးးဂျောင်ဟိုဆော့ ငါ့အရပ်ကိုထိခိုက်ပြီးမစနဲ့လို့ဘယ်နှခါပြောရမလဲ..တင်းလာပြီနော်"
"ဟဲဟဲ...ချစ်လို့စတာပါကွာသူငယ်ချင်းကလဲ"
"မစနဲ့...ဘာပြောမလို့လဲ မြန်မြန်ပြော"
"ကန်တင်းရဲ့အနေအထားကဒီနေ့ တစ်မျိုးဖြစ်နေသလားလို့...ဆော့ဂျင်ကိုအားလုံးက ကွက်ကြည့်x2 လုပ်နေကြတယ်.. ပြီးတော့ ဟီဘင်းတို့အဖွဲ့ကိုလဲမနက်ကတည်းကမတွေ့မိဘူးကွ"
"မင်းတို့ ၃ယောက်မနေ့က ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်ကြတော့ သတင်းတွေ update မသိဘူးထင်တယ်"
ဆော့ဂျင်စကားကြောင့် ဂျောင်ကုပါစိတ်ဝင်စားသွားသည်။ မနေ့က အတန်းလစ်ကာ Avenger's serie အသစ်ရုံစတင်တဲ့နေ့မှာပဲ သွားကြည့်ကြရာ ဆော့ဂျင် ကမလိုက်ချင်၍ သူတို့ ၃ ယောက်ပဲသွားကြည့်ဖြစ်ကြသည်။ နောက်မှပြန်သိရသည်က Saturday ကျောင်းပိတ်ရက်မှာ သူတစ်ယောက်ထဲသွားကြည့်ပါတယ်တဲ့။ သူတို့နဲအတူလိုက်မကြည့်လို့ဝိုင်းပြောကြတော့....
"ဘယ်နေ့ပဲသွားကြည့်ကြည့် ဇာတ်လမ်းကဘာပြောင်းလဲသွားတာမို့လို့လဲ. ကျောင်းပျက်ခံပြီးသွားကြည့်ရင် စာတွေလွတ်ကုန်တာပဲအဖတ်တင်မယ်...မင်းတို့ကကိုယ့်စိတ်ကိုအလိုလိုက်လွန်းတယ်"..တဲ့။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰