ဂျောင်ကု camp ဝင်နေတဲ့အချိန်မှာ သူနဲ့ယွန်းဂီလဲ အလုပ်သဘောတရားကိုတော်တော်နားလည်နေပြီဖြစ်၍...နောက်နှစ်အစမှာ လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေရသောကြောင့် သူ့မှာမအားလပ်နိုင်။ နောက်အပတ်ကျရင် ကိုကိုက တစ်ပတ်လောက်လာနေပေးမယ်ပြော၍ သူရောယွန်းဂီပါအားတက်မိသည်။ကိုကိုရောက်လာတော့ ကိုကိုက schedule ဆွဲပေးထားခဲ့၍ သူတို့လဲယောင်တောင်တောင်မဖြစ်တော့ပဲ လုပ်စရာတွေလဲအပြည့်ဖြစ်သွားပြီ အစီစဉ်တကျဖြစ်သွားသည်။ ဖေဖေကတော့ သူ့ရဲ့ company branch မယူပဲ အခုလိုသီးသန့် company ခွဲထွက်လို့ မလိုအပ်ပဲအလုပ်တွေရှုပ်တာဆိုပြီး သူ့ကိုအပြစ်တင်ချင်ပုံရသည်။
သူတို့အလုပ်က ပြည်တွင်းပြည်ပက Loose Furniture တွေကို လူနေအိမ်နဲ့ကွန်ဒိုတွေ၊ ရုံးခန်း၊ စားသောက်ဆိုင်နဲ့ဘားတွေ၊ Private School တွေမှာ full set fitting-out လုပ်ပေးခြင်းဖြစ်သည်။ တစ်ခုချင်းစီဝယ်ချင်သူများအဆင်ပြေအောင် နောက်ပိုင်းတွင် Showroom လဲဖွင့်မည်ဖြစ်ပြီး..Customizes အပ်ချင်သူများအတွက်လဲ စက်ရုံတည်ဖို့လဲ plan ချထားသည်။
—————
ဂျောင်ကုနဲ့ညဘက်ဖုန်းမပြောဖြစ်တာ ကြာပြီဖြစ်သည်။ တစ်လတစ်ရက် အိမ်ပြန်ခွင့်ရပေမယ့် ပထမဆုံးနှစ်လမှာပဲ အေးအေးဆေးဆေးတွေ့ခွင့်ရပြီး နောက်လတွေမှာ သူကမအားလပ်တာကြောင့် ဂျောင်ကုအား အချိန်သိပ်မပေးနိုင်။
ယခု လေးလမြောက်အခေါက်မှာ ဂျောင်ကုက သူ့မိဘတွေအိမ်ကိုသာသွားပြီး သူရှိတဲ့ ကွန်ဒိုကိုမလာခဲ့ပေ။ ဂျောင်ကုစိတ်ကောက်နေတယ်ဆိုတာသိပေမယ့် ယွန်းဂီတစ်ယောက်တည်းနဲ့ပစ်ထားခဲ့ဖို့ကျတော့ အဆင်မပြေတာကြောင့် သူမသွားနိုင်။ ယွန်းဂီကအဆင်ပြေကြောင်းပြောပေမယ့် သေရေးရှင်ရေးကိစ္စလဲမဟုတ်တော့ အားနာတာကြောင့် ညနေမှသွားလိုက်မည်ဟုစဉ်းစားထားလိုက်သည်။
ညနေကျရင်သူလာမယ်ဆိုတဲ့အကြောင်းပြောဖို့ ဖုန်းဆက်ပေမယ့် ဖုန်းမကိုင်တာကြောင့်စာသာပို့ထားလိုက်သည်။ သူ့ဘက်ကလွန်နေတယ်ဆိုတာသိပေမယ့် မိဘတွေကိုပေးထားတဲ့ အောင်မြင်အောင်လုပ်ပါ့မယ်ဆိုတဲ့ကတိကို အချိန်တွေထပ်မဆွဲပဲ လက်တွေ့အကောင်ထည်ဖော်ပြချင်ပြီဖြစ်သည်။
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰