ရုတ်တရက်တွေ့လိုက်ရတဲ့သူကို ဆော့ဂျင် မမှိတ်မသုန်ကြည့်နေမိကာ စကားစရှာမရဖြစ်နေသည်။"ဆော့ဂျင်..."
"......."
"ဆော့ဂျင် ကိုယ့်ကိုရုတ်တရက်တွေ့လိုက်ရလို့ အံ့ဩသွားတာလား..."
ဆော့ဂျင်က အာရုံစုစည်းသည့်အနေဖြင့် ခေါင်းမော့ပြီးမျက်လုံးကိုခနစုံမှိတ်ထားလိုက်သည်.. ပြီးမှထိုင်ခုံမှာဝင်ထိုင်လိုက်၏။ ခုနကမတ်တပ်ထရပ်လိုက်တဲ့သူကိုလဲ ပြန်ထိုင်ရန်လက်ဟန်ပြလိုက်သည်။
"ဆော့ဂျင်မှာ ကိုယ့်ကိုပြောစရာ စကားမရှိတော့ဘူးလား...မပြောချင်တော့တာလား"
"ဒီနားမှာကိစ္စရှိလို့ဝင်လာတာလား ဂျောင်ကု"
ဂျောင်ကုက ရုံးတက် fashion နဲ့ ကြည့်ကောင်းနေလွန်းတဲ့ ချစ်ရသူကိုကြည့်ပြီး...
ခုလောလောဆယ် သူစိတ်ဆိုးနေလောက်မယ်ထင်ပြီး ထုတ်မပြောရဲပေမယ့်...စိတ်ထဲတွင်တော့....'company ကိုလာတာအဲ့လောက်လှဖို့လိုလို့လား yeobo'
ဂျောင်ကုက တံတွေးတစ်ချက်မြိုချကာ....
"ဘာလို့အဲ့လိုမေးတာလဲ ဆော့ဂျင်"
"အကြောင်းမကြားပဲရုတ်တရက်ရောက်လာလို့လေ...ငါနဲ့တွေ့ချင်ရင် message ပို့ပြီးတခြားနေရာမှာချိန်းလဲရတာပဲကို"
"မင်းစိတ်ဆိုးနေမယ်ထင်လို့ပါ...ကိုယ်ချိန်းရင်မလာမှာစိုးလို့"
"ငါကဘာကိစ္စကို စိတ်ဆိုးရမယ်လို့ထင်နေတာလဲ"
"ဆော့ဂျင်လဲကြားမှာပါ ကိုယ့်သတင်းတွေ...
ပြီးတော့ ဆော့ဂျင်အရင်ကဆက်သွယ်တာတွေကိုလဲ ကိုယ်လျစ်လျူထားခဲ့မိတယ်လေ။
ဆော့ဂျင်က ကိုယ့်ဆီနောက်ထပ် ထပ်ပြီးမဆက်သွယ်တော့ ကိုယ့်ကိုစိတ်ဆိုးနေပြီထင်ပြီး...ကိုယ့်ဘက်ကစပြီးမဆက်သွယ်ရဲတာပါ။
ကိုယ့်ဘက်ကလွန်သွားတယ်ဆိုတာ...ဒီအတောအတွင်း ကိုယ်ဆင်ခြင်သုံးသပ်မိပါပြီ ဆော့ဂျင်"
YOU ARE READING
Oxygen
Romanceမင်းငါ့ကိုချစ်နေသရွေ့ . လိုအပ်နေသေးသရွေ့မင်းအနားမှာ ငါရှိနေပေးမယ် Jin🐹 ငါကမင်းကိုမချစ်နိုင်တော့တဲ့နေ့ အလိုမရှိတော့တဲ့နေ့ဆိုတာ ငါသေတဲ့နေ့ပဲဖြစ်လိမ့်မယ် ဆော့ဂျင် Kook🐰