" ငစုံ .. ။ မင်းမှာ နောက်ဆုံးဆန္ဒရှိရင်ပြောခဲ့လို့ရတယ်"
ထောင်စောင့်သည် အချုပ်ခန်းတံခါး ရှေ့ထိုင်ကာ
ငစုံအားကြည့်၍ပြောလိုက်လေသည်။ ညသည်
အကျဥ်းေထာင်၏ အပြင်တွင် သာယာလှပစွာလင်းလဲ့နေပေမဲ့ ထောင်အတွင်းတွင်တော့ အမှောင်ဖျော့ဖျော့ သာ အုပ်ဆိုင်းနေခဲ့ပါ၏။
ထိုထောင်ခန်းအတွင်းမှာတော့ နောက်ဆုံးထွက်သက်သာ ရှိတော့သည့် လူမမာတစ်ယောက်လည်းရှိ၏ ။
တစ်နေကုန် ထောင်ဝန်ထမ်းတော်တော်များများ လာရောက်လူနာမေးလာခဲ့ကြပြီး သူ့အလှည့်ကတော့ ခုမှရောက်လာတာဖြစ်၏။" မင်းနေသာရဲ့လား"
ထိုသံတိုင် ခပ်ဟောင်း၏နောက်မှာ ပိန်လှီဖျော့တော့နေသော
အမျိုးသားတစ်ယောက်သည် သူ့၏နောက်ဆုံးဆန္ဒအား ပြန်လည်တွေးတောနေသကဲ့သလို့ အင်္ဂတေတချို့ ကွာ ၍ပေါ်လာသော အုပ်ချပ်အနီရောင်ကို ငေးကြည့်နေခဲ့သည်။ထိုအချုပ်သားက နှစ်ရှည် ထောင်ကျနေတာမို့ ထောင်ဝန်ထမ်းတော်တော်များများရင်းနှီးနေကြသည်။နောက်ပြီး ထောင်သား စုံသာမြိုင်သည် အတော်လေး
အနေအေးဆေးသူဖြစ်တာကြောင့်မို့လည်းပါသည်။
သနားစရာကောင်းတာက ထိုအပြစ်သားသည်
မိန်းမတစ်ယောက်ကြောင့် သူ့ဘဝ၏ ငယ်ရွယ်မူ့တွေကိုထောင်ထဲမှာသာ ကုန်ဆုံးစေခဲ့သူဖြစ်သည်။ဟုတ်သည် ။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က
လေးလောင်းပြိုင် လူသတ်မူ့ကြီး၏ တရားခံကား
အဆိုပါ သေအံ့မူးမူး အရိုးပေါ်အရေတင် လူမမာဆိုတာ ယုံကြမည်မဟုတ်။တရားခံစုံသာမြိုင်၏ အမူ့သည် ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာမို့ ထောင်တစ်သက်တစ်ကျွန်းကျခဲ့ရခြင်းသာ။
ထို့ထက်ဆိုးဝါးသည်က စုံသာမြိုင် ကယ်ဆယ်ခဲ့သော ချစ်သူမိန်းကလေးသည် ထောင်တွင်းရောက်ရှိသည့်နေ့မှစ၍ တစ်ရက်တစ်လေ တောင်လာရောက်တွေ့စုံခြင်းမရှိခဲ့ခြင်းပေ။" နောက်ဆုံးဆန္ဒ ဟုတ်လား? ။ ကျုပ်လို လူတစ်ယောက်က ဘာများ ပြောစရာရှိအုံးမှာလဲ ။
ဒါမှမဟုတ် စံပယ်ဖြူဆိုတဲ့မိန်းကလေး ဒီလရော
ကျုပ်ကိုတွေ့ဖို့ လာသေးလား ။ ဆိုပြီး မေးရမှာလား။
ဒါမှမဟုတ် လတိုင်းလနေကြ စာလွှာလေးများဒီလ ရောက်သေးရဲ့လားလို့မေးရမှာလား။ "
YOU ARE READING
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romancerebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။