ညအချိန်က ကိုးနာရီခန့်ရှိပြီဖြစ်သည်။
ရွာအရပ်ဒေသမို့ ထိုအချိန်တွင် တိတ်ဆိတ်ကာ အိပ်ရာဝင်ကြပြီဖြစ်ရာ လူခြောက်ယောက်၏ အသံရှုနှုန်းသည်ပင် ကျယ်လောင်နေပြီထင်ရ၏။"ကျွန်တော်ရှင်းပြရမလား။ ခင်ဗျားရှင်းပြမလား ကိုမြင့်မြတ်"
ကိုမြင့်မြတ်ဆိုသူသည်မကြာခင်ကမှ ရောက်လာခဲ့သူဖြစ်သည်။ အရပ်ရှည်သည်ဟုထင်ရပေမဲ့ အနည်းငယ်ပြည့်တဲ့ဖက်ရောက်သော ကိုယ်ထည်ကြောင့် သိပ်မသိသာပေ။ အဆင်းပါသော ရှပ်အင်္ကျီကိုဝတ်ထားပြီး စတိုင်ပန်ဖြင့် သပ်ရပ်သောအသွင်ရှိပေမဲ့ ခရီးပန်းထားသော မျက်နှာက နွမ်းနှယ်နေသည်။ မလှမ်းမကမ်းတွင် စံပယ်ဖြူထိုင်နေပြီး မကျေနပ်သော မျက်လုံးများဖြင့်ကိုမြင့်မြတ်အားကြည့်နေသည်မှလွဲ၍ ငိုလည်းမငိုတော့ပေ။
"ကိုစုံပဲ ရှင်းပြလိုက်ပါ။ ပြီးတော့ ဖြစ်ခဲ့သမျှအတွက်
ကျွန်တော်တောင်းပန်ပါတယ် "စုံသာမြိုင် တောင်းပန်ခြင်းကို လျစ်လျူရှု့လိုက်ပြီး သူ့မျက်နှာအား ညချမ်းအေးဖက်တည့်တည့်ဆီလှည့်လိုက်ကာ စတင်ရှင်းပြလိုက်တော့သည်။ သူ့အသံသည် ညဦးယံတွင် ပဲ့တင်ထပ်လျက် လူတိုင်းရဲ့နားစည်သို့ ညင်သာစွာ တိုးဝင်သွားခဲ့ပါ၏။
အဲ့နေ့က မွေးနေ့ပါတီ တစ်ခု ကို မိတ်ဆွေတွေနှင့် ပါသွားဖြစ်ခဲ့သည်။ အမှန်အတိုင်းပြောရရင်လူအရမ်းရှုပ်တဲ့နေရာမျိုးကို စုံသာမြိုင် မကြိုက်ပေ။ အတင်းခေါ်တာကြောင့် မြို့ပေါ်ရောက်တုန်း လိုက်သွားခဲ့မိတာကနေဇာတ်လမ်းက စတာဖြစ်သည်။ ထိုနေညက
ဘားကနေ အပြန် တိုက်ခန်းအထိ ခရီးဆက်ကြရာ မိန်းကလေး သုံးယောက်လည်းပါခဲ့လေသည်။
ရှုပ်ရှုပ်ယှက်ယှက်တွေမို့ ပြန်နှင့်ဖို့ ပြောခဲ့သော်လည်း
ဇွတ်ဆွဲခေါ်တာကြောင့် ထပ်မံလိုက်ပါခဲ့ရပြန်သည်။
တိုက်ခန်းသည် လုပ်ငန်းရှင်တို့ပိုင်ရာ နေရာမို့ ကျယ်ကျယ်ဝန်းဝန်းရှိချေသည်။ အခန်းလေးခန်းပါ တိုက်ခန်းကျယ်ဖြစ်တာကြောင့် သမီးရည်းစားများအတွက်သုခဘုံအလားဖြစ်ခဲ့၏။တိုက်ခန်းရောက်တော့အကုန်မူးရူးနေကြရာ မမူးသေးတဲ့စုံသာမြိုင်သည်အများ မကျေနပ်စေရာဖြစ်ခဲ့သည်။
ကော့တေးဆိုတဲ့ အရက်ရောသည့် စပ်ရေသည်
အသီးအနှံအရသာရှိ၏။ လိမ်ညာတိုက်သည့်အခါ တစ်ခါမှ မသောက်ဖူးသည့်စုံသာမြိုင်လည်း မူးခဲ့လေသတည်းပေါ့ ။ ရီဝေယစ်မူးနေဆဲ ပါလာတဲ့မိန်းကလေးတွေထဲမှ စံပယ်ဖြူသည် သူ့အနားဇွတ်ကပ်ခဲ့၏။ ထိုမိန်းကလေးသည် အတိတ်ဘဝတွင်
သူ့အား ထောင်ထဲထည့်ခဲ့ဖူးတဲ့ချစ်သူမိန်းကလေးဖြစ်တာကြောင့် သူ့အနေနဲ့မုန်းတီးခဲ့ပြီး ထိပ်တိုက်တွေ့ဆုံတာတောင်မှ မသိချင်ယောင်ဆောင်ရှောင်ရှားခဲ့သူဖြစ်သည်။
BẠN ĐANG ĐỌC
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Lãng mạnrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။