လေပြည်လေညင်းတို့တိုက်ခတ်နေတဲ့လမ်းမထက်တွင် နီယွန်ရောင်စုံမီးတို့သည် လင်းလဲ့နေချေသည်။
စုံသာမြိုင်သည် လက်တစ်ဖက်တွင် ချမ်းအေး၏ လက်ကလေးအားထွေးဆုပ်ကာ ကားတို့စည်ကားရာ လမ်းမဘေးတွေ ငြိမ်းချမ်းစွာ လမ်းလျှောက်နေခဲ့၏။"ချမ်းအေး အစာကြေပြီလား"
ဘေးမှာ ရှိနေသော ကောင်လေးသည်
သူ၏ လက်မောင်းအား မေးဖျားဖြင့် ပွတ်အား ရွန်းလဲ့သော မျက်ဝန်းဖြင့် ခေါင်းညိတ်ပြလာ၏။" ကိုကိုရော "
စုံသာမြိုင်သည် သူ့၏ နှုတ်ဖျားအားမထိန်းနိုင်ပဲပြုံးမိတော့သည်။ ထို့နောက် သူ့၏ချစ်သူအား
ခေါင်းလေးဖိပွတ်ရင်းပင်"ကိုကိုလည်း အဆင်ပြေသွားပြီ" ဟု ပြောလေသည်။
ညချမ်းအေးသည် ကိုကိုဆိုသောစကားတို့ကြောင့်
ပါးပြင်ဟာ ရှက်သွေးတို့ဖြင့် ပူစွေးလာလေ၏။ မကြာခဏ နှုတ်တိုက်ခေါ်ဆိုသော အခေါ်အဝေါ်သည်
ညချမ်းအေးမှသာ ဖြစ်ပြီး စုံသာမြိုင်နှုတ်ကနေ ထိုသို့ ထွက်လာခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကြည်နှူးစရာသာ ဖြစ်ခဲ့၏။ခုမှအတိအလင်းချစ်သူဖြစ်သကဲ့သို့ ရင်ခုန်မူ့သည်
အတောမသပ်တော့ပေ။" ဘယ်သွားချင်သေးလဲဗျ "
ရင်ခုန်သံတွေအားထိန်းချုပ်ရင်း ညချမ်းအေးအားမေးလိုက်သည်။ စီမြို့တော်သည် အတော်လေးစည်ကားရာ နယ်စပ်မြို့ဖြစ်တာကြောင့် လောင်းကစားဝိုင်းများသည်လည်း ပေါများလေသည်။
အထင်ကရ ကာစီနိုဝိုင်များသည် ညမီးရောင်အောက်မှာ လူများဝင်ထွက်ရာ လောကစည်းစိမ်တစ်ခုနှယ်။ညချမ်းအေးသည် ခေါင်းရမ်းလိုက်၏။
မြို့တော်စီသည် သုခဘုံဟု တင်စားခေါ်ဝေါ်တက်သည်မှာ အကြောင်းမဟုတ်။
ညဉ့်ငှက်မလေးများသည် လမ်းဘေးတွင် တရားဝင်
လျှောက်ပြန်သံပေးနေတာကိုလည်းတွေ့ရ၏။တရားဝင် ခွင့်ပြုထားသော နေရပ်ဖြစ်သည်ကြောင့်
ပြည့်တန်ဆာ အလုပ်သည် နေရာမရွေးတွင်ရှိနေလေသည်။ ရောက်တက်ရာရာလျှောက်လာတာကြောင့် ဘယ်ဆီရောက်နေမှန်း မသိရပေ။ မြင်တွေ့နေရသည့် ခပ်စိတ်စိတ် မိန်းမငယ်လေးတွေကြောင့် ညချမ်းအေးသည် စိုးထိတ်လာ၏။ စုံသာမြိုင်ကတော့ ဂရုစိုက်မိပုံမပေါ်ပေ။
သူတို့ရောက်နေရာ နေရာသည် လူငယ်တွေအတွက်မသင့်တော်သလို ခံစားချက်များပေးနေတာမို့
ညချမ်းအေးသည် နီရဲသော ပါးပြင်ဖြင့် လက်ကိုဆွဲကာ ထပ်မံခေါင်းရမ်းပြလိုက်သည်။
BẠN ĐANG ĐỌC
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Lãng mạnrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။