"သမီးရော လိုက်လို့မရဘူးလား "
အဝတ်စားတွေခေါက်ထည့်နေရာမှ ကူးကူး စကားကြောင့် ညချမ်းအေး လှည့်ကာ ပြုံးပြလိုက်ရသည်။
အိပ်ယာပေါ်မှာ တင်ပျဉ်ခွေ မေးထောက်ထိုင်နေတဲ့ ရနံ့ကူးသည် စိတ်ပျက်စွာ နှုတ်ခမ်းစူလို့နေချေသည်။" အဲ့ဒီမြို့တော်က အန္တရာယ်များတယ်တဲ့။ နယ်စပ်လိုနေရာဆိုတော့ လောင်းကစားဝိုင်းတွေ ၊လက်နက်ကိုင်ဆောင်တဲ့သူတွေက နေရာအနှံ့အပြားမှာရှိတယ်။ ကလေးတွေသွားလည်မို့မသင့်တော်ဘူး"
"ဒါဆို ဦးဦးကရော ဘာလို့လိုက်တာလဲ။ ဖေကြီးဘာသာ တစ်ယောက်ထဲသွားပလေ့စေပေါ့"
"သမီးဖေကြီးက ဒီရက်ပိုင်း နေသိပ်ကောင်းတာမဟုတ်ဘူး ။ ဦးဦးက မဖြစ်မနေမို့ လိုက်ရတာ "
ကလေးကျေနပ်အောင်ပြောသည်မဟုတ်။
အန္တရာယ်များလှသော အရပ်ဒေသမို့ စုံသာမြိုင်သည်သူ့အား မခေါ်ချင်ခဲ့ပေ။
ဖြစ်ချင်တော့ ရာသီအကူးအပြောင်းကြောင့် ဒီကြားထဲ နေမကောင်းဖြစ်လိုက်သေးတာမို့တားနေတဲ့ကြားက သူသည် ဇွတ်လိုက်ပါလိုခြင်းဖြစ်၏။ကူးကူးသည် စကားဆက်ပြောပဲ ကုတင်ပေါ်က လျောတိုက်ဆင်း၍ သူ့ဖေကြီးအခန်းဖက်ကိုပြေးဝင်သွားလေသည်။ ညချမ်းအေးသည် ခေါင်းရမ်းကာ ခေါက်လက်စ အဝတ်တို့အားဆက်၍ ခေါက်နေလိုက်သည်။
" ဖေကြီး "
ကူးကူးသည် သူရှိရာကို ပြေးလာနေတာကြောင့်
အိပ်ယာပေါ်ခြေဆင်းထိုင်နေရာမှ သူသည် ခါးအားမတ်မတ်ထားလိုက်သည်။
ကလေးမလေးသည် ကုတင်ပေါ်ကို ကုတ်တွယ်တက်လာကာ သူ့ဘေးမှာဒူးထောက်၍"ဖေကြီး နေကောင်းသွားပြီလား"ဟု နှဖူးအားစမ်းလာလေသည်။ သူသည် ချစ်လှစွာသော သမီးကြောင့်
နုညံ့သက်ဝင်ကာ ကျေနပ်သွားလေ၏ ။
ကိုယ်လုံးသေးသေးသည် သေးသွယ်ကာ ပေါ့ပါးလေသည်။ သူပွေ့၍ဖက်ထားသောအခါ သူ့လက်မောင်းကြားတွင်အရုပ်မလေးသဖွယ် နစ်မြုပ်ဝင်လေ့ရှိ၏။" ပြောပါဦး။ ဘာအရေးရှိပြန်တာလဲ"
" ဒီတစ်ခါ ဘာလို့ ခရီးထွက်မှာလဲဟင်။ ဦးဦးပြောတာ ဖေကြီး နေမကောင်းပဲ မဖြစ်မနေသွားရမှာတဲ့"
VOUS LISEZ
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Roman d'amourrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။