အိပ်ယာကနိုးသည်နှင့် မျက်နှာသစ်ကာမနက်စာ ထမင်းထချက်ဖြစ်သည် ။
ရေချိုးပြီး ဘုရားရှစ်ခိုး၊ဆွမ်း ရေချမ်းကပ်သည်မှာနေ့စဉ်မပြတ်တမ်းကျင့်သုံးခဲ့သော အလေ့အထတစ်ခုနှယ်။ ညဆိုစောစောအိပ် ၊မနက်ဆိုစောစောထသည်မှာ ဆယ်စုနှစ်တစ်ခုစာမျှရှိခဲ့ပြီဖြစ်သည်။
ရေချိုးပြီးစ ကြည်လင်သန့်ရှင်းတဲ့အချိန်ဆို စိတ်နှစ်လက်နှစ် မေတ္တာသုတ်ရွတ် ၊ ဘုရားရှစ်ခိုးတက်တာကြောင့် ရေချမ်းအေးသည် အမြဲအေးချမ်းသော မျက်နှာထားရှိလေသည်။
အေးမြသော အရှိန်အဝါ ရစ်သိုင်းနေသည့်နှယ်
သူ့၏စိတ်၊သူ၏ခန္ဓာသည် မြင်သူတိုင်း ချစ်ခင်ပါစေ၊မြင်သူတိုင်း စိတ်ကြည်လင်ပါစေဟုသည့်ဆုတောင်းပြည့်ခဲ့သည်။ဘုရားခန်းက နေထလာပြီးနောက်သူ့အလုပ်မှာ ဟင်းချက်ရန်ကျန်နေသေးခြင်းပင်။
မနေ့ညနေက လာရောင်းသည့် ဝက်သားကို ပြုတ်ထားသည်မို့ အတုံးသေးသေးလေးများလှီးကာ သေချာကြော်လှော်လိုက်သည်။
ခြံထဲက ဘူးပင်က ဘူးငေါက် ကို ဟင်းရည် သောက် လုပ်လိုက်သည်မို့ ဖွယ်ဖွယ်ရာရာမရှိပေမဲ့ စားလို့ဖြစ်၏။ ထို့အပြင် မကြာမကြာလာစားတက်သော
သူဌေးမင်းကြောင့် သူကြိုက်တက်သော ငပိထောင်းမှာလည်းမပါမဖြစ်။" ဦးဦးရေ .. ကူးကူးတို့ ထမင်းလာစားပါပြီ"
ဟင်းကျက်သည်နှင့် အကူး၏ အသံစာစာက
ကွက်တိ။ သူပြုံးချက်ပင် သေချာခူးခပ်ထားတဲ့
ထမင်းဟင်းတို့ကို ဧည့်ခန်းရှိ စားပွဲပေါ်ကို ယူလာခဲ့လိုက်သည်။" ဒီနေ့တော့ ဝက်သားကြော်ပါ "
သူ့ဆီက ခေါင်းညိတ်ပြလာတာ မြင်မှ လက်ဆေးရေဇလုံ ကို အပြေးလေးသွားယူပေးမိသည်။
သူ့အကြိုက် သူ့အထာအား မကြာမကြာ လက်ဆုံစားဖြစ်သည်မို့ ညချမ်းအေးသိနေပြီဖြစ်သည်။
သူသည် လက်ဖြင့်သာနှယ်ဖက်စားတက်ပြီး အစပ် အငန်များကို သိပ်ကြိုက်တက် လေသည်။
ရေနွေးကြမ်း(သို့မဟုတ်)ဟင်းရည်သောက်မပါရင်လည်း မစားတက်ပေ။" ဦးဦး ... ဖေကြီးကပြောတယ်။ နောက် တစ်ပတ်နေရင် ကျောင်းဖွင့်တော့မယ်ဆို"
သူခွံ့ကျွေးနေတဲ့ ထမင်းကိုချောစားကာ ကူးကူးမေးလာတာမို့ ခေါင်းညိတ်ပြရင်း ဟင်းရည်လေးပါ ဆက်တိုက်လိုက်သည်။ ထမင်းကျွေးသည့်တာဝန်သည် သူ့အပေါ် ပုံကျလာပြီး အဖေလုပ်သူကတော့
သူတို့စကားဝိုင်းသည် သူနဲ့မဆိုင်သူနှယ် ထမင်းကိုသာ ငုံ့စားလာလျက်။
ESTÁS LEYENDO
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romancerebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။