"သူ့နာမည် မိုးမှောင် "
ငစုံ အသံကြားတော့ ဦးသက်ခိုင် ရွှေကျင်ရာမှာသုံးတဲ့ ကောဇောချပ်တွေ စီနေရာမှ လှည့်လာ၏။
ထို့နောက် တအံ့တဩဖြစ်သွားသည့်ဟန်ဖြင့် ငစုံလက်ကိုဆွဲကာ တော်တော်ဝေးဝေးခေါ်သွားပြီး တီးတိုးအသံဖြင့်" ဒီကောင်နဲ့ဘယ်လိုသိလာတာလဲ "
" ဘာဖြစ်လို့လဲ "
" ဘာဖြစ်ရမှာလဲ ။ တောင်မှော်အင်းမှာ ဘမှောင်ဆိုရင် မသိသူမှမရှိတာ။ ဒီကောင်နာမည်ပြောင်က မရဏမိုးမှောင်ကွ"
" သူ့ဘာသာ မရဏ မကလို့ ဘာနေနေ ။
လောလောဆယ် ကျုပ်ခိုင်းဖို့ ခေါ်လာတဲ့ ကျုပ်အလုပ်သမားပဲ"ထီမထင်လုပ်နေတဲ့ ငစုံဆိုတဲ့ကလေးကြောင့်
ဦးသက်ခိုင် အံတကြိတ်ကြိတ်နှင့် မချိတင်ကဲ။
တကယ်ဆို ဘမှောင်က မကြာခဏလူသတ်ဖူးသည်။
သို့သော် သက်သေမရှိဘူးဆိုတဲ့အကြောင်းပြချက်ဖြင့်မကြာခဏလွတ်မြောက်တက်သူ။
လူသတ်သမားတွေအများကြီးထဲမှာ ဘမှောင်လောက်
လက်စလက်န ဖျောက်တော်သူ၊ ဉာဏ်အကောင်းဆုံးသူကရှိအံ့မထင်။ငစုံကတော့ ဉီးသက်ခိုင်ဘာတွေးနေတာလဲဆိုတာ မသိ။ တလွှားလွှား ဘမှောင်ရှေ့ အပြေးပြန်သွားကာ
" ကျုပ်က ကျန်တာ ဘာမှမပြောချင်ပေမဲ့
ခင်ဗျားကို တစ်ခုပဲ သတိပေးမယ် ကိုဘမှောင်။
ငစုံဆိုတဲ့ နာမည်ကို ခေါင်းထဲမှတ်ထား ကျုပ်ကို သစ္စာမဖောက်သ၍ ကောင်းကောင်းနေရမယ်
အေး... ဖောက်ခဲ့တဲ့ တစ်နေ့ မရဏ မကလို့ ဘာနေနေ စုံသာမြိုင်ဆိုတဲ့ကောင်ရဲ့လက်ထဲ ခင်ဗျားသေရမယ်ဆိုတာ မမေ့နဲ့။ "သွားကြားလေထွက်ရုံမျှ ငစုံအသံသည် မျက်နှာချင်းဆိုင်ရှိ ဘမှောင် နှလုံးသားထဲ စီးဝင်သွားသည်နှယ် အကြောက်တရားပါးပါးကို ခံစားသိရှိလိုက်ရ၏။
ထို့ကြောင့် ဘမှောင်သဘောတကျရယ်၍
ငစုံ၏ ပခုံးကို အားနှင့်ပုတ်လိုက်ပြီးနောက်" ဟိုးထား... ကိုယ့်လူ ။ ဘမှောင်ဆိုတဲ့ကောင်က သစ္စာတရားကို ရင်ဝယ်သိတဲ့ကောင်ပါကွ။ လူမိုက်တွေမှာလည်း နှလုံးသားရှိပါတယ် ၊ မင်းငါ့အပေါ်မှာ
တာဝန်ကျေသ၍ ငါဖက်ကလည်း တန်ပြန် တာဝန်ကျေမှာပါ ။"
ŞİMDİ OKUDUĞUN
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romantizmrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။