ရေချမ်းအေး ခါတိုင်းလိုပင် မနက်ကို စောစော နိုးလေသည်။ ညက အိပ်ရေးပျက်ပေသည့် နိုးနေကြအချိန်တွင်တော့ မျက်လုံးက နှိုးစက်မလိုပဲ အော်တိုနိုးလေသည်။ မကြည်မသာဖြင့် အိပ်ယာကနေ ထကာ
အိမ်မကြီးတံခါးကို ဖွင့်လိုက်တဲ့အခါမှာ မနေ့က ဟိုဖက်အိမ်မှာ မေ့ကျန်ခဲ့တဲ့ ကတ္တီပါဖိနပ်အနက်ရောင်လေးက ညီညီညာညာ ချထားတာကိုတွေ့လိုက်၏။တစ်ယောက်ယောက်ယူလာပေးတာလားဟု စဉ်းစားမိသော်ငြား တစ်စုံတစ်ယောက်၏မျက်နှာကိုမြင်ယောင်ကာ အတွေးတွေကို ပယ်ဖျက်လိုက်ရသည်။
သူ့မှာ ချစ်ရသူတောင်မှရှိနေပြီပဲ ငါက ဘာဆက်လုပ်ရမှာလဲဟုသော မကြံကောင်းတဲ့ စိတ်ကူးတွေကလည်းအစီအရီ။
ညချမ်းအေး ရယ် စိတ်ထိန်းစမ်းပါ။
မင်းကယောက်ျား။ ကလေးတစ်ယောက် ယူထားတဲ့ အမျိုးသားတစ်ယောက်ကို မင်းမမှန်းသင့်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ် ဆုံးမမိတဲ့ အခိုက်အတန့်ကလည်း ညကတည်းကနေခုထိ ဖြစ်နေပြီဖြစ်၏။ထို့အပြင်ဒီချိန်နှစ်ယောက်သား အတူတူမနက်စာများစားနေကြမလား။
ခါတိုင်းအိမ်ဖက်ပြေးလာနေကြ ကူးကူးကရော မေမေအသစ်နဲ့ အဆင်ပြေအောင် နေနေပြီလား ဟူတဲ့
အတွေးတွေကလည်း ဘယ်လောက်ရပ်ရပ် ခေါင်းထဲ
ဆက်တိုက်ဝင်လာနေသည်။အဆိုးဆုံးကတော့ ဘုရားရှစ်ခိုးတာကိုလည်း ကြာကြာမရှစ်ခိုးနိုင်ခြင်းပင်ဖြစ်၏။
ခေါင်းထဲမှာ စုံသာမြိုင်ဆိုတဲ့လူကြီးက ဝင်ဝင်လာသည်။ ကျောင်းပိတ်တဲ့နေမို့ စိတ်ပြေလက်ပျောက်ကျောင်းလည်း မသွားနိုင်။လူကလည်းပျင်းခြောက်ခြောက်နှင့် ခြေလက်တွေကလည်းမသယ်ချင်အောင်နုန်းခွေနေသည်။ထို့ကြောင့်အိမ်သန့်ရှင်းရေးကိုသာစိတ်မပါလက်မပါ လုပ်နေမိချေသည်။
_________
ညချမ်းအေး၏ ပျဉ်တောင်အိမ်လေးသည် တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိသည်။ ပုံမှန်ဆို ဆူဆူညံညံရှိနေတက်တဲ့အိမ်အိုလေးသည် ယခုမူလူမရှိသည်နှယ် ငြိမ်ချက်သားကောင်းလှပါ၏။
စုံသာမြိုင်သည် တိတ်ဆိတ်နေသော အိမ်ကိုကြည့်၍ ဝင်သင့်မဝင်သင့် ချင့်ချိန်နေမိသည်။ အိမ်ပေါက်ဝမှာချွတ်ထားတဲ့ဖိနပ်ကြောင့် လူရှိမှန်းသူသိသည်။ ထို့နောက်
လက်ထဲ ကိုင်ထားသော လက်ဆောင်ပစ္စည်းများစွာကို ကြည့်ကာ ခဏကြာတော့ အိမ်ထဲဝင်ရန်သာ ပြင်လိုက်တော့သည်။
ESTÁS LEYENDO
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romancerebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။