6

9.5K 1.1K 24
                                    

"သားကို ကျောင်းမထုတ်ပါနဲ့ ဒေါ်လေးရယ်။
သားမနက်ခင်းတိုင်း အိမ်အလုပ်တွေပြီးအောင် လုပ်ပေးပါ့မယ်နော်.. ဒေါ်လေး။ သားကိုကျောင်းမထုတ်ပါနဲ့ သားမထွက်ချင်ဘူး "

" တယ် ... ငါရိုက်လိုက်ရ။ သွားစမ်းဝေးဝေးကို။ စီးပွား
ရေးမှမပြေလည်ရတဲ့အထဲ နင်ပညာတက်တော့ရော ဘာအရေးလဲ။ သွား..ငါနားမလာနဲ့ ငိုချင်ရင် အိမ်နဲ့ဝေးရာသွားငို။ အိမ်လာဘ်တိတ်တယ်"

မနက်စောစော ဆူဆူပူပူအော်သံနှင့်အတူညချမ်းအေးရဲ့ငိုသံက ခြံဝန်းအတွင်းပျံ့နှံ့လာသည်။ရိုက်လိုက်ရ ဟု ပြောပေသည့် လက်ကပါပြီးသားမို့  ကိုယ်လုံးငယ်လေးသည် လူကြီးအားကို မယှဉ်နိုင်စွာ နောက်ကို ယိုင်ကျသွားလေသည်။
မကြာခဏ လက်ပါတက်တာမို့ ညချမ်းအေးသည်
သူ့အဒေါ်ဖြစ်သူစကားအတိုင်း မျက်စိရှေ့ မနေရဲ
တော့ပဲ မျက်ရည်စီးကျလျက်သားပင် ခပ်ဝေးဝေးကို တွန့်ဆုတ်စွာ ထွက်သွားတော့သည်။

သဖန်းတော မှာ မူလတန်းကျောင်းသာ ရှိတာမို့
လေးတန်းအောင်တဲ့ ညချမ်းအေးတစ်ယောက်
ရွာကနေ ငါးမိုင်နီးပါးကွာဝေးတဲ့ တိုက်နယ်ရွာကြီးမှာ ကျောင်းတက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။ ငွေမရှိသလို
လူရာသွင်းချင်းမခံရတဲ့ကလေးတစ်ယောက်မို့ အတိတ်ဘဝတွင်လည်း ညချမ်းအေးတစ်ယောက်
စာမတက်ရှာပါ ။ ကျောင်းပညာရေးမှာ ကောင်းမွန်တဲ့ အလားအလာရှိသော်ငြား ပညာမဲ့၊မေတ္တာမဲ့သူတွေကြား တစ်ခန်းရပ်ခဲ့တဲ့ အနာဂတ် ကြယ်တစ်ပွင့်အကြောင်း ငစုံက လွဲပြီး ဘယ်သူသိနိုင်မှာတဲ့လဲ ။ ခြံစည်းရိုးကနေ တိတ်တိတ်လေးခိုးကြည့်မိသည့်
ငစုံ တစ်‌ယောက်မှာတော့ ဝမ်းနည်းစိတ်ဖြင့် မျက်ရည်တစ်ပွင့်က လွင့်ခနဲ။ အတိတ်တွင်ပညာမတက်ရှာတဲ့
ညချမ်းအေးသည် ငွေစအနည်းငယ်အတွက် မအိပ်မနေရှာဖွေခဲ့ရသည်။ ညချမ်းအေး ရှာခဲ့ သောငွေသည် သူ့ ကိုယ်တိုင်အတွက်မဟုတ်ပဲ ငစုံ၏ ထောင်အတွင်း
စားဖွယ်ကောင်းများဖြစ်ခဲ့သည်ကို သတိရမိတော့
အံကိုသာတင်းတင်းကြိတ်မိတော့၏။

_______

" ကဲ ခင်စိန်။ ညချမ်းအေး ကိစ္စကို ညည်းဘယ်လိုသဘောရလဲ"

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)Donde viven las historias. Descúbrelo ahora