ဒိုင်း!
ဝုန်း!! ..ဝုန်း....
မိုင်းခွဲသံကျယ်ကြီးနှင့်အတူ မြေသားတွေက ဖွာခနဲ။
အင်းကျောဖောက်တယ်ဆိုတာ လွယ်သည်မဟုတ်။
ကျောက်ခံနေရင် မိုင်းက မဖြစ်မနေ ခွဲပေးရသည် ။ ထိုအချိန်မျိုးဆို အထိအခိုက်နည်းအောင်လည်း ကြိုးစားရတာ တာဝန်တစ်ခုထက်ပိုသည်။
အန္တရာယ်များလွန်းတာမို့ ရှောင်ပိ တစ်ယောက် ဘိန်းတောင် မရှုနိုင် အင်းနဲ့မနီးမဝေးမှာ စောင့်ကာကြည့်ရသည်။"အဆင်ပြေလား။ ဘာဖြစ်သွားကြသေးလဲ"
ချွေးသံတရွှဲရွှဲနှင့် ပြေးလာတဲ့တပည့်ကို စီးကြိုမေးမိတော့ လက်မောင်းဖြင့် ချွေးကိုသုတ်ကာ ပြန်ဖြေလာ၏။
" ပြေတယ် ဆရာပိ။ ယမ်းစ လာစင်တဲ့ ကလေးတစ်ယောက်တော့ရှိတယ်။ ဒဏ်ရာသိပ်မကြီးလို့ မစိုးရိမ်ရဘူး "
ရှောင်ပိ လက်ခါပြကာ
" ရပြီ ။ ဒါဆို အလုပ်သမားတွေ ချက်ခြင်း အလုပ်လုပ်ဖို့ပြောလိုက်တော့ "
"ဆရာပိရာ ..ဒါတွေ တပည့် လက်ထဲအပ်ခဲ့စမ်းပါ ။ ဆရာပိပြောစရာ မလိုအောင် ဒီကတပည့်ကြီးက အကုန် မှာခဲ့ပါပြီဗျ"
"အေးပါ...ဒီတစ်ခါ ရွှေအောင်ရင် မင်းအတွက် ဘောက်ဆူးသက်သက်လာမယ်။ အလုပ်ကိုသာ မခိုမကပ်ပဲ ဖိဖိစီးစီးလုပ်"
ရှောင်ပိစကားကြောင့် တပည့်ကျော်ကြီး ပြုံးဖြဲဖြဲဖြစ်ကာ တက်ကြွသွား၏။ ထို့ကြောင့်ရှောင်ပိတစ်ယောက်
အရိပ်ရအောင် မိုးပေးထားတဲ့ ထီးမိုးကောင်လေးဆီကနေ ဆေးပြင်းလိပ်ကြီးသောက်ဖို့လက်လှမ်း လိုက်၏။ ရှောင်ပိက အင်းသူဌေးဆိုပေမဲ့ အင်းထဲအမြဲမလာ။ တကယ်လည်းပိုက်ဆံရှိတဲ့ကောင်ဆို
အပြင်သွားပြီဆိုတာနဲ့ ထီမိုးနှင့် ဘာဘာညာညာ
ခိုင်းဖို့ လက်တိုလက်တောင်း တပည့်တပမ်းတွေက
နောက်ပါးမှာ အမြဲတစေ ရှိနေတက်သည်။ ရှောင်ပိလက်လှမ်းတာနဲ့ ဆေးလိပ်က မီးတို့ပြီးသား။" ဒါနဲ့ ဆရာပိ ။ ခုထိ သက်ခိုင်တို့အင်းက မလှုပ်သေးဘူး။ ဆရာပိတောင်မှ တဝက်ကျော ရောက်နေပြီ။ ဒီကောင်တွေ အေးဆေးဖြစ်လွန်းတယ်မထင်ဘူးလား"
KAMU SEDANG MEMBACA
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romansarebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။