" ကိုစုံ ဧည့်သည် လာတယ်"
အလုပ်သမားတစ်ယောက်၏ ခေါ်သံကြောင့် စုံသာမြိုင် မြေစာပုံပေါ်ကနေ ခုန်ဆင်းလိုက်တာများ လွှားခနဲ။ ခြေတံက ရှည်ရှည်၊ ဝတ်လိုက်ရင် ပုဆိုးက ခြေသလုံးကိုကျော်သေး၊အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ ခြေမွှေး၊လက်မွှေးတွေနဲ့ ငစုံဟာ တောင်မှော်ရွာ အင်းသူကြီးတွေရဲ့ သမီးပျိုတွေကြားမှာတော့ ရေပန်းစားလေရဲ့။ ထောင်သားဘဝနှင့် နှစ်ရှည်ကျခဲ့တဲ့ငစုံတစ်ယောက် ဆံပင်ရှည်ရင်ပင် မနေတက်တော့။ ထို့ကြောင့် တိပစွာ ထိုးထားတဲ့ ကတုံးဆံတောက်ကေနှင့် ပေါ်လွင်သော နဖူး ထင်ရှားသော မျက်ခုံးကြောင့် လူချောဟုပင်သက်မှတ်ရမလိုလို။
" ဘယ်သူများလဲလို့ ။ ပြော ကိုကျန် "
ဖိုးကျန်ဆိုတဲ့ကောင်လေးက သူ့အင်းမှာ အလုပ်လုပ်နေတာ နှစ်ဝက် ကျော်နေပြီ။
အလုပ်မှာ မခိုးမဝှက်ပဲ တိတိကျကျ လုပ်ပေးတက်တာမို့ ငစုံ၏ မျောစာလှည့်တဲ့ဖက်မှာ လူယုံတောင် ဖြစ်လုပြီ။ သူရောက်လာတာမြင်တော့ စိတ်လှုပ်ရှားစွာ ကိုကျန် ထရပ်လာသည်။ ကိုကျန်ထိုင်နေတဲ့ မြေစာတို့သည် အဝါရင့်ရောင်ပေါက်နေသည်မို့
သူ့ပုဆိုးတို့မှာ အနည်းငယ်မျှကပ်ညှိနေပြန်သည်။
ကိုကျန်သည် နောက်လှည့်ကာ ခါသေးသည်။
ဖုန်မှုန်တို့လွင့်သွားတာကိုနေရောင် အောက်မှာ ငစုံမြင်နေရသည်။" ဆရာ ဒီတစ်ခေါက် မြို့ပေါ်သွားမလို့ဆို "
" ဟုတ်တယ်။ ဘာမှာမလို့လဲ။ "
" မှာမလို့မဟုတ်ဘူးဆရာ ။ မြေစာဝယ်တဲ့ဖက်မှာ
ပိုက်ဆံပြတ်ခါနီးနေပြီ ။ အဆင်ပြေရင် ရွှေဖြူတွေရောင်းခဲ့ပေးမလားလို့ပါ"ကိုကျန်က ရွှေဖြူဘယ်၍ ဘယ်မျှဈေးပေါက်လည်း သူမသိ။ သို့သော်သူက အတန်းပညာ ခြောက်တန်းထိ နေခဲ့တာကြောင့် စာရင်းအင်း လုပ်နိုင်လေသည် ။ ငစုံအလုပ်မှာ မောင်ကျန်က ရွှေလှည့် ၊ စာရင်းကိုင်အဖြစ် လုပ်ကိုင်ရသည်မို့ အရင် အလုပ်ထက်စာရင် ပြေပြေလည်လည်ရှိလာ၏။ ထို့ကြောင့် မောင်ကျန်တစ်ယောက် စေတနာထားကာ လုပ်ပေးရှာ၏။
မောင်ကျန်မှမဟုတ် စုံသာမြိုင်ရဲ့အလုပ်မှာ လူငှားမြဲတာအံ့ဩစရာ။ လုပ်ရင်လုပ်သလို ငွေပိုရတာမို့
ဆင်းရဲသားလုပ်သားတွေအတွက်ကတော့ ပျော်မြူးစရာဖြစ်နေလေ၏။ စာမတက်ရင် လူရာမဝင်၊
ဆင်းရဲလွန်းရင် လူရာမဝင်တဲ့ လူငယ်တွေအတွက်
ကိုစုံက မျော်လင့်ချက်ပင်။ စုံသာမြိုင်ရဲ့အလုပ်မှာ လုပ်သားစည်းကမ်းရှိသည်။
KAMU SEDANG MEMBACA
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romansarebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။