သုံးရက်တိတိရှိပြီဖြစ်တဲ့ရွှေကျောသည် ပိုမိုသိပ်သည်းလာတာကလွဲ၍ ရွှေပါနှုန်းက နည်းနည်းလေးတောင်လျော့မသွား။
ဘူးပေါက်တစ်ရာသာ ပိတ်ရမည်၊ ပါးစပ်တစ်ပေါက်က ပိတ်ဖို့ခဲရင်းသည်မဟုတ်လား။ ရွှေအောင်ပြီဆိုတဲ့စကားသံက တိုးတိုးတစ်မျိုး၊ကျယ်ကျယ်တစ်မျိုး သတင်းက စထွက်လာ၏။ ငစုံ၏ အမှတ်လေး မြေကွက်သည် မုန့်ဖိုးသာသာသာ ရတဲ့ အင်းရိုင်းတစ်ကွက်မို့ ကြားတဲ့သူတချို့က တောက်တခေါက်ခေါက်။ထိုဖြစ်စဉ်မျိုး ထောင်ထဲမှာ အတူနေစဉ်ကတည်းက ကိုသက်ခိုင်နှုတ်ကနေ ကြားနေကြမို့ ငစုံတစ်ယောက် မမှု့ပေ။
သူ့အင်း၌ တစ်နေ့ ရွှေပါနှုန်းက လေးဆယ်သားအနည်းဆုံးရှိကာ တောင်မှော်အင်းမှာ နောင်တစ်ချိန်ပြောစမှတ်တွင်မည့်ရွှေကျောမို့ ဒါနည်းတောင်နည်းနေသေးဟု သက်မှတ်ရသည်။ မကြာမှီ ရွှေထပ်ပွင့်နိုင်သေးသည်မို့ လူစိတ်ဝင်စားမူ့နည်းအောင် သူ့မှာ အကြံထုတ်နေရ၏။ငစုံ ၏ မျောကျ ၊ မျောချေးခေါ်၊ မျောစာကို ပြန်ဖမ်းယူတဲ့
ချစ်ထွန်းအဖွဲ့တောင်မှ တစ်နေ့ သုံးမျောပေါင်း ရှစ်ကျပ် တစ်ဆယ် မခဲရင်း။ ရွှေဆိုတာက အမှုန်အမွှားသေးသေးလေးတွေဆိုတော့ အနည်းနဲ့အများ
အောက်ကျနိုင်သည်။ ရွှေအောင်မျောစာတွေမို့
ငစုံလှည့်ပြီးသားမျောကို ချစ်ထွန်းပြန်လှည့်ယူလည်း ရွှေကျန်ရနိုင်သည်။ ချစ်ထွန်းလှည့်ထားတဲ့ မျောစာမို့လည်း အထင်မသေးနဲ့။ ပြန်လှည့်ယူနိုင်သမျှ နည်းသွားမှာပဲရှိမည်။
ရွှေက ကျန်သလောက် ၊ အောက်ကျသလောက် ပြန်ဖမ်းယူနိုင်သည်။" ဆရာပိ ကြားပြီးပြီလား "
တပည့်ကျော်စကားကြားမှ စိတ်ရှုပ်နေတဲ့ ရှောင်ပိ
ပိုဒေါသထွက်သွား၏။
ဒီအင်းအတွက် မုန့်ဖိုးသာသာ သုံးခဲ့မိတာ နောင်တရမဆုံး။ သူခေါ်တဲ့မိန်းကလေးတွေတောင်မှ ကြိုက်ရင်ကြိုက်သလောက် ထို့ထက်မက အမ်းခဲ့သေးတာပဲ။
ဒီအင်းမှ သူဘာလို ငွေနည်းနည်းပဲပေးခဲ့မိတာလည်း တွေးမိကာနောင်တရ နေမိသည်။" ကြားရသလောက်တော့ ဒီကောင်တွေအချီကြီးမိပြီတဲ့ဆရာပိ "
တန်ချိန်အများကြီးထွက်တဲ့ နာမည်ကြီးရွှေတွင်း
တွေသည် ပုံပြင်လိုလို နားနဲ့သာ ကြားရပြီး မျက်စိရှေ့မဟုတ်တော့ သူစိတ်ထဲ ဘယ်လိုမှမနေ။
ဒါကြီးက ပါးစပ်ဖျားမှာ ရောက်ခါနီးအခြေအနေ၊ပုတ်ထုတ်ခံရသလို ခံစားချက်က တော်တော်ဆိုးဝါးနေသည်။
BẠN ĐANG ĐỌC
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Lãng mạnrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။