" အကူး သမီး ဖေကြီရော ဘယ်နေ့ပြန်လာမှာလဲ"
လက်ဆွဲထားတဲ့ကူးကူးသည် သူ့အား မရေရာသော အကြည့်ဖြင့်မော့ကြည့်လာကာ
" သမီး မသိဘူး။ " ဟုဖြေလာသည်။
ညချမ်းအေး စိတ်ထဲဇဝေဇဝါဖြစ်ရသည်က သူ့ကြောင့်များလား ဟူသော အတွေး။
ပြဿနာတွေဖြစ်ပြီးနောက်ရက်ရောက်တော့ ခရီးထွက်သွားပြီဟု ကြားရပြီး ပြန်မလာတာ ယနေ့နဲ့ဆို ခြောက်ရက်ပြည့်ပြီဖြစ်သည်။ ကလေးမသိနိုင်ဘူးဟုတွေးမိကာ သူဘာမှဆက်မေးမြန်းမနေတော့ပေ။
သူတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ ကူးကူးကို
ခဏနားကာ ရေချိုးစေသည် ။
သနပ်ခါးလိမ်းပေး အဝတ်လဲပေးပြီး မိုးသောက်ပန်းတစ်အုပ်ပေးကာ အပင်အောက်တွင်ထိုင်၍ စာဖတ်ခိုင်းခဲ့၏။ သူကတော့ ရေချိုးရုံဖြင့်....မပြီးသေး။
ညနေစာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ဖို့လိုသေးသည်မို့လား။
ကလေး ရှိသေးသည်မို့တော်ရုံဖြစ်သလို သူမစားဖြစ်ပေ။ အိမ်ရှေ့ခြံထောင့်တွင် အိမ်တွင်းခူးစားဖို့
ပျိုးဥယျာဉ်လေးစိုက်ပျိုးဖြစ်သည်။ ထိုအထဲတွင်ချဉ်ပေါင် ကန်စွန်း၊မုန်ညင်း၊ဘူး၊သခွားအပြင် ပဲသီးဂေါ်ရခွားကိုပါ စင်ဖြင့်စိုက်ထားလေသည်။ တစ်ယောက်နှစ်ယောက်စာသာ ချက်ပြုတ်သည်မို့ အသီးမရှားအရွက်မရှားပေ။
အရင်ဆုံး ဂေါ်ရခွားသီး တစ်လုံးနဲ့ဘိုစားပဲသီးအနည်းငယ်ကို ခူးယူလိုက်သည် ။ ပါးပါးလှီးကာ ကြက်ဥဖြင့်ကြော်ဖို့အတွေးကြောင့် အမြန်အဆန်ပင်
ဂျင်းနည်းနည်းကြက်သွန်ဖြူ နည်းနည်းကို ရိုက်ပြားကာ ဆီနည်းနည်းဖြင့် ကြော်လိုက်သည်။ အချိုမှုန့်သုံးရသည်ကို မနှစ်သက်တာကြောင့် ဆားနည်းနည်းကိုသာ အိုးထဲထည့်ကာမွှေလိုက်သည်။ဘေစင်၏ ဘယ်ဘက်ကြောင်အိမ်ပေါ်တွင် စီရီတင်ထားသော
ကြက်ဥကတ်သည် အနည်းဆုံးအလုံးနှစ်ဆယ်ခန့်ရှိလိမ့်မည်။ သူ့အိမ်တွင် ဆန်ဆီမပြတ်သလို၊ရွာတွင်ရှိသော မွေးမြူရေးခြံမှလာသော အကြီးဆုံးအရွယ်အစားရှိ ဥများကလည်းရှားပါမနေ။ တစ်ပတ်တစ်ခါ ရောက်လာတက်တာမို့ ကြက်ဥကို သူ့အနေဖြင့်နှမြောမနေပဲ ဥသုံးလုံးယူကာ ခေါက်၍ အဆင်သင့်လှီ၍ ကြော်လှော်ထားသော ပဲသီးနဲ့
ဂေါ်ရခွားမနွမ်းခင် ထည့်လိုက်လေသည်။
ပူနွေးသော အသီးအရွက်တို့အလယ်တွင် ကြက်ဥ ဝါဝါက ကူးကူးအကြိုက်ပင်။
KAMU SEDANG MEMBACA
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romansarebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။