ညချမ်းအေးသည် စုံသာမြိုင် ခရီးထွက်နေစဉ်အတောအတွင်း အိမ်တွင်သာ စောင့်မျှော်နေခဲ့မိသည်။ ငါးရက်မြောက်နေ့တွင်တော့ လိုအပ်တာများဝယ်ရန် အပြင်ကိုထွက်ခဲ့မိသည်။
အိမ်တွင်ကားများရှိသေးပေမဲ့ သူသည်ကားမောင်းကျွမ်းကျင်မူ့မရှိပေ။
ကူးကူး၏ ကျောင်းပိတ်ရက်များတွင် သူ့အတွက် အချိန်ကုန်ပေးလေ့ရှိတာကြောင့် ကလေးကြိုက်တက်သည့်မုန့်များမှာ အိမ်မှာ ပြတ်လပ်လေ့မရှိအောင် သူစီမံလေ့ရှိ၏။အချိန်အားဖြင့် မှောင်ရီပျိုးနေပြီဖြစ်၏။
မြို့ပြ၏ အငွေ့အသက်တို့သည် ထင်ရှားလာပြီဖြစ်၏။
ကားများမပြတ်တမ်းသွားလာနေကြသည်ကြောင့်
ညချမ်းအေးသည် ကားငှားဖို့ အနည်းငယ်ကြောက်ရွံ့ခဲ့သေးသည်။
သူသည် ခုထိလူရာမဝင်သေးသည်မှာအမှန်ပင်။သူတို့အိမ်ရှိရာ လမ်းကနေအထွက်တွင်
ကားတစ်စီးခက်ခက်ခဲခဲငှားရမ်းခဲ့၏။
သူသည် ကူးကူးကြိုက်နှစ်သက်သော မုန့်တချို့ဝယ်ရန်ဖြစ်ပေမဲ့ သိပ်များများစားစားမရှိလှသော သူ့အဝတ်စားတို့အားတွေးမိကာ အနည်းငယ် ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။အပြန်တွင် ညကိုးနာရီခန့်ရှိနေပြီဖြစ်သည်။
ဝယ်ကောင်းကောင်းဖြင့်ဝယ်ယူခဲ့သော ပစ္စည်းများမှာ လက်နှစ်ဖက်ပင်မဆန့်တော့။
အငှားကားသည် အိမ်နားရောက်ခါနီးတွင် စက်ရပ်သွား၏။"တောင်းပန်ပါတယ်ညီလေး။ စက်က ဘာဖြစ်မှန်းမသိဘူး။ "
သူအားနာစွာ ခေါင်းညိတ်လိုက်သည်။
"ဘာမှမဖြစ်ဘူးဗျ။ နီးနီးပဲရှိတော့တာပါ။ ကျွန်တော် ခြေလျင်လျှောက်လိုက်ပါ့မယ်"
ကျသင့်ငွေကိုထုတ်ရှင်းကာ အထုတ်အပိုးတွေကိုလက်က ဆွဲလိုက်၏။
ရပ်ကွက်၏ သီးသန့်ဆန်မူ့ကြောင့် လူခြေတိတ်လှ၏။
ဖြတ်သွားဖြတ်လာ တစ်စီးစ နှစ်စီးစရှိသော်ငြား တိတ်ဆိတ်မူ့က ကြီးစိုးလာပြီဖြစ်၏။ မီးရောင်တို့ထွန်းလင်းထားပေမဲ့ ခြံကျယ်ကျယ်အိမ်ကြီးကြီးတို့ကြောင့် လှုပ်ရှားသွားလာမူ့က မကြားသလောက်ပင်။သူခပ်သွက်သွက် လမ်းလျှောက်လိုက်၏။
ထိုအချိန်တွင် ကားစက်နိုးသံသဲ့သဲ့ကြားလိုက်ပြီး ထင်းလင်းသောမီးက သူ့မျက်နှာတည့်တည့်အား
ထိုးလာတာကြောင့် မျက်လုံးကို အလန့်တကြားမှိတ်လိုက်မိသည်။
ကားသည် အလျှင်အမြန်ရွေ့လျားလာပုံရ၏။
သူသည်မသိစိတ်က အနည်းငယ်ဘေးကပ်လိုက်သော်ငြား ပြင်းထန်သောအရှိန်က သူ့တည့်တည့်ဆီကိုသာပြေးဝင်လာသလိုပင်။
BẠN ĐANG ĐỌC
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Lãng mạnrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။