7

9.7K 1.2K 41
                                    

ပူပြင်းတဲ့နေ ရောင်အောက်မှာ မြေစာပုံများနှင့် ချိုင့်ခွက်များစွာရှိတဲ့ လွင်ပြင်ကျယ်က မျက်စိတဆုံးရှိနေသည်။ ထိုအချိန် မနိမ့်၊မမြင့် မြေစာပုံတွေကြားရှိ ချိုင့်ခွက် ကြားတွင် မိုးကာ အစိမ်းရောင်ကို လေးဖက်လေးတန် တိုင်လုံးတို့ထောင်ကာ ဖြစ်သလိုတွဲချည်ထားကာ အရိပ်သဖွယ်ပြုလုပ်ထား၏။  ထိုအရိပ်အောက်တွင် လူတချို့သည် သက်ဆိုင်ရာ အလုပ်ကို တွင်ကျယ်အောင် အားစိုက်နေသည်မှာ ပူလောင်ရမှန်းမသိသည့်အတိုင်းပင်။ ထိုနေရာနှင့်မနီးမဝေးနေရာတွင် အိမ်သေးသေးတစ်လုံးရှိသည်။ ထိုအိမ်ရှေ့တွင် ငစုံနှင့် ချစ်ထွန်းသည် ထိုင်၍ ရွှေလှည့်ရာနေရာသို့ ငေးကြည့်နေကြသည်။

" ဒီတစ်ခါ ခွဲတမ်းအကြောင်းကို သေချာရှင်းပြစရာလိုသေးလား"

"ဟာ ..မလိုပါဘူး ကိုစုံရ "

ချစ်ထွန်းတစ်ယောက်က ကလေးသာသာပဲမို့
သူဘာလုပ်လုပ် အပြစ်သိပ်မမြင်တာမဆန်း။
သို့သော် လူတိုင်းကတော့ ထိုသို့မဟုတ်ပေ။
နားယောင်လွယ်တဲ့ အရွယ်မို့ဘေးစကားတွေ ချဲ့ကားလာမှာထက် ချစ်ထွန်းနားယောင်ကာ အထင်လွဲမှာ
သူစိုးသည်။

" ဘယ်လောက်ရသလဲ ၊ ဘာလို့မပေးတာလဲဆိုတာ ထက် ငွေကြောင့် မင်းလမ်းမှားရောက်သွားမှာစိုးလို့
ငါမင်းကိုဘာမှမပြောတာ။ တကယ်တမ်းကျ မင်းက ငါ့တပည့်မဟုတ်ဘူးချစ်ထွန်း ။ ငါ့ညီတစ်ယောက်ပါ။ ငါသက်မှတ်ထားသလို ငါ့စိတ်ကလည်း ဘယ်သောအခါမှမပြောင်းလဲသွားဘူး။ မင်းလည်းအတူတူပဲ မင်းဘေးမှာခုဆို မြောက်ထိုးပင့်ကော်လုပ်မဲ့သူတွေရှိလာပြီ။ဘယ်သူနဲ့ ဘာလုပ်တယ်ဆိုတာ ငါသေချာလိုက်ကြည့်နေနိုင်တာမဟုတ်ဘူး"

ချစ်ထွန်းအားထိန်းကြောင်းပဲ့ပြင်တဲ့စကားတွေက
ရင်ထဲကလာတဲ့စကားတွေသာ။
ခါတိုင်းလိုသေးသေးကွေးကွေးမဟုတ်တော့တဲ့ချစ်ထွန်းက ၁၂နှစ်ကျော်၁၃နှစ်ထဲဝင်လာပြီဆိုတော့
အရပ်ကလေးကထွက်လာပြီဖြစ်သလို လူကလည်းပြည့်တင်းလာ၏။

" ကျုပ်သိပါတယ်ဗျ။ ဒါနဲ့ ကျုပ်အမရော
အဆင်ပြေရဲ့လား။ ဒီတစ်ခါ ရွာပြန်ရင် ကျုပ်ရော လိုက်ချင်တယ်ဗျာ "

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ