36

6.7K 692 14
                                    

"ဟုတ်တယ်မေမေ ။ သားဝတ်ထားတယ် "

"...."

"ကြိုက်တယ် ဒါပေမဲ့ အရောင်နည်းနည်းရင့်နေလို့။  သား က အေးတဲ့အရောင်လေးတွေပိုကြိုက်တယ်"

"..."

"ကိုကိုလား...ရှိတယ်လေ ။ အလုပ်မသွားတာကြာပြီ ။
ဟုတ်တယ်...မီးဖိုချောင်ထဲမှာ "

"....."

"အာ...မခိုင်းပါဘူး။ အရီးမြိုင် နေသိပ်မကောင်းလို့ "

သူစားချင်တယ်ပြောလို့ လက်ဖက်သုပ်ပေးရတာကို အမေဖြစ်သူအား လိမ်နေသေးသည်။
အလုပ်မသွားဘူးဆိုတာက အရီးမြိုင်အား  နားနားနေဖို့ ရွာပြန်လွှတ်လိုက်တော့ အိမ်မှာ သူတစ်ယောက်ထဲ စိတ်မှမချတာ ။ အလုပ်က သွားသည်ဖြစ်စေမသွားသည်ဖြစ်စေ ကိုသက်ခိုင်၊ဘမှောင် ချစ်ထွန်းတို့က အလကားထားတာမဟုတ်။

"ဘာတဲ့လဲ"

လက်ဖက်ပန်းကန်ကိုချကာမေးလိုက်တော့ လူဖက်ကိုတိုးလာကာ ပခုံးကိုမှီပြီး ဇွန်းကိုလှမ်းသည်။ အရင်က ပွေ့ဖက်မရင်းနှီးခဲ့သမျှ အတိတ်မေ့ပြီးနောက်‌လူပြောင်းလဲသွားသလိုပဲ ဂျွတ်ဆတ်ဆတ် စကားပြောတက်လာသည်။
အနည်းငယ်ရဲတင်းပြီး လိုချင်တာဖြစ်ချင်တာကို နှုတ်ခမ်းဆူတက်လာသည်။
အရင်က ညချမ်းအေးကို ချစ်သလို ခုပုံလေးကလည်း သူ့ကိုစိတ်လှုပ်ရှားစေသည်။

"မေမေက  အလည်လာခဲ့ဖို့ခေါ်နေတာ။ ဒီတစ်ခါ ကိုကိုအားရင် လိုက်ပို့"

" အင်းပါ။ သွားလို့သာ သွားရမှာ ယောက်ခမကြီးတော့ ကိုကိုကြောက်တယ်"

ဒေါ်ရွှေဧကရီ၏ အနေတည်တည်မျက်နှာထားကြောင့် ကျက်သီးမွှေးညင်းတောင်ထောင်ထွက်လာသည်။
စကားပြောလည်းပြတ်ပြတ်၊ ဟိုတစ်ခါ ညချမ်းအေး
စိတ်ကောက်တုန်းကတောင် ဖုန်းဆက်ပြီး ပြန်ခေါ်သေးသည်။ ပြန်အဆင်ပြေသွားလို့သာ။ မဟုတ်ရင် ယတိပြတ် ငါ့သား မပျော်တဲ့အရပ်မှာ ထပ်မထားဘူး ဟု ပြောမှာသေချာသည်။

ကိုယ်က သူ့သားမှသူ့သားဆိုတော့လည်း...

" ဟေး အများကြီးမစားနဲ့"

ကလေးတစ်ယောက်လို ဇွန်းအပြည့် ထည့်နေတဲ့လက်တွေကြောင့် လူကမျက်လုံးပြူးရသည်။
ဒါတောင်းဟီးခနဲရယ်ပြပြီး ထည့်လိုက်တဲ့ပါးစပ်ထဲမှာ
ပါးဖောင်းအောင်ထိ အပြည့်။

ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ