စာဖတ်နေစဥ်စေ့ရုံစေ့ထားတဲ့ တံခါးချပ်ကိုခပ်ဖွဖွခေါက်လာ၏။ နံရံကပ်နာရီသည် အချိန်အားဖြင့် ညနေသုံးနာရီလောက် ရှိနေပြီဖြစ် ကြောင်း ပြသနေသည်။ ညချမ်းအေး စာအုပ်ကိုပိတ်ကာ တံခါးထဖွင့်ပေးလိုက်ချိန်တွင် ပုဆိုးနှင့်အင်္ကျီကိုသေသပ်စွာဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကိုတွေ့ရသည်။ ထိုသူကပဲရည်မွန်စွာပြုံးပြလာကာ
"ကိုစုံကပို့ခိုင်းလိုက်လို့ ၊ ပစ္စည်းလာပို့ပေးတာပါဗျ"
"ဪ... ဟုတ်"
ညချမ်းအေး ဘာပြောရမှန်းမသိခင် ထိုသူကပင် နောက်ကိုလှည့်ကာ " ပစ္စည်းတွေယူခဲ့တော့" ဟု အော်လိုက်သည်။ အလုပ်သမားတချို့သည် စားပွဲနှင့်ခုံတို့ကို ယူလာပြီး အိမ်ထဲကို နေရာချကာ အမြန် ပြန်ထွက်သွား၏။ ထိုအချိန်ထိ ညချမ်းအေးသည် အိမ်၏ တံခါးဝတွင်ယောင်လည်လည်ရပ်နေမှန်းသတိမရသေး။ ထူးခြားစွာ သူအိမ်ငှားတဲ့နေရာသည်
လိုအပ်သည်ဟု၍မရှိ။ မနေ့ကပင် ထိုင်စရာတစ်ခုခု စီစဉ်အုံးမှဟု တွေးနေစဉ် ယနေ့ရောက်လာတဲ့ ပေါလစ်ပြောင်နေသောစတီခုံတွေက သူ့အားအနည်းငယ်တော့ စိတ်ကျဉ်းကြပ်စေသည်။" လိုအပ်တာရှိရင် ဟိုဖက်ကအိမ်က အလုပ်သမားတွေကို ခေါ်ခိုင်းလို့ရပါတယ်ဗျ "
" အာ... ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"
ထိုသူသည် ချက်ချင်းပင်ပြန်သွားလေသည်။
အိမ်နောက်ဖက်ရှိ ရေကန်သည် တစ်ဖက်အိမ်ကနေ ပိုက်ဖြင့်ဖြည့်ပေးရုံသာမက ညဆိုရင်လည်း မှောင်မဲမဲ အိမ်မှာ မီးမရှိပဲနေစရာမလို။ ဒီလောက်ပြီးပြည့်စုံအောင်ထားရအောင် ကိုယ်နဲ့လည်းဆွေမျိုးရင်းချာမဟုတ်။
အားနာမူ့ထက် စိတ်ထဲမတင်မကျဖြစ်လာရသည်။" အရီး... "
" ဟေ ... ညချမ်းအေး ။ ဘယ်ကလှည့်လာတာလဲ"
" တမင်အရီးဆီလာတာ ။ အရီးအားလား"
" အေး အားတယ်လေ ။ လာလေ... "
ထုံးစံအတိုင်းအရီးအိမ်မှာ အဘ မရှိ။အမှိုက်လှဲနေတဲ့အရီးကညချမ်းအေးလာတော့ လက်စ အမြန်သတ်ကာ အိမ်အောက်က ကွပ်ပျစ်မှာ လာထိုင်သည်။
BẠN ĐANG ĐỌC
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Lãng mạnrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။