"ဆရာလေး သတင်းစာလာပို့တာပါဗျ"ကောင်လေးတစ်ယောက်၏ အသံကြောင့် စံပယ်ပင်အောက်တွင် ထိုင်၍ စာလေ့လာနေတဲ့ ညချမ်းအေးသည် စာအုပ်ကို နေရာမှတ်၍ ထိုင်နေရာမှထကာ ခြံစည်းရိုးတံခါးကိုဖွင့်ပေးလိုက်ချေသည်။
ခြံစည်ရိုးတံခါးသည် ခါတိုင်းပိတ်ထားလေ့မရှိပေမဲ့ မကြာခဏ လာတက်သော ဦးလူလှတို့ကိုကြောက်သည်ကြောင့် အမြဲသော့ခတ်ထားရလေသည်။တံခါးဖွင့်ပေးလိုက်သည်နှင့် သတင်းစာတပွေ့တပိုက်နှင့် ဖိုးကံ တစ်ယောက် ပြုံးရယ်ရင်းဝင်လာလေသည်။
" ဒီတစ်ခေါက် သတင်းစာတွေများလှချည်လားကွ"
" များဆို ကိုကြီးစုံရဲ့ သတင်းက သတင်းစာမှာ ပါလာတယ်လေ။ အဲ့ဒါမျိုးဆို ရွာထဲက လူကြီးတွေက လွှတ်သဘောကျတာဗျ။ အဲ့ဒါကြောင့်ဒီတစ်ခေါက် ပိုဝယ်လာတာ ။ ပြီးတော့ အချစ်ရေး ဆိုတော့ ဟီး... ရွာထဲက အပျိုတွေတော့ အသဲကွဲကြတော့မှာပဲ "
ညချမ်းအေး မျက်နှာပျက်သွားပေမဲ့
ဖိုးကံပေးတဲ့ စာစောင်ကို လှမ်းယူလိုက်လေသည်။
စကားတွေအမျှင်မပြတ်ပဲ သူပြောချင်ရာဆက်ပြောနေတဲ့ ကောင်လေးကြောင့် သူ့မှာမနည်းစိတ်ရှည်နေရလေသည်။ အတော်ကြာမှ ပြန်သွားတော့ ခြံစည်းရိုးကို မမေ့မလျော့ သော့ခတ်ရပြန်သည်။ ပြီးမှ ချိုင်းကြားညှပ်ထားသော သတင်းစာကို ထုတ်ကာ
ဖတ်လိုက်သည်။ နေ့စွဲက လွန်ခဲ့သော နှစ်ရက်ကဖြစ်လေသည်။သူတို့နယ်ဖက်တွင် ခရီးမတွင်တာကြောင့် ပုံမှန်ထုတ် သတင်းစာတွေကို နောက်ကျပြီးမှသာဖတ်ရလေ့ရှိသည်။
သတင်းစာသည်နာမည်ကြီးစာတိုက်ဖြစ်သည်။
မျက်နှာဖုံးတွင် ပြည်သူအချစ်တော် မင်းသမီး တစ်ယောက်၏ ချစ်သူသည် ချမ်းသာဆန်ဆီ ကုမ္ပဏီ၏ပဲ့ကိုင်ရှင် ဦးစုံသာမြိုင်ဖြစ်သည်ဟုသတင်းထွက်လာ။ စာမျက်နှာ ၃တွင်ဖတ်ရှု့ရန်။
ဟူသော စာပုဒ်က ထင်းခနဲ။
သတင်းစာ၏ခေါင်းကြီးပိုင်းတွင် ပါဝင်လာသော
ချမ်းသာ ကုမ္ပဏီ ပိုင်ရှင် ဦးစုံသာမြိုင်ဆိုသည့်နာမည်ကြောင့်ရင်ထဲစူးခနဲ။ဝိုးတဝါးပုံရိပ်က မွေးနေ့ပါတီတစ်ခု၏ပုံမျိုး။
အဖြူရောင်ဂါဝန်ဝတ်ထားတဲ့မိန်းကလေးသည်ကျောပေးထားဟန်အနေအထားဖြင့်ရှိနေပြီး စုံသာမြိုင်၏လက်တစ်ဖက်သည်ထိုမိန်းကလေး၏ ပခုံးပေါ်မှာတည်ရှိနေခဲ့သည်။
ESTÁS LEYENDO
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romancerebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။