"မင်း ...ကျုပ်ကို ရှောင်နေတာလား ချမ်းအေး "
တည့်တည့်ကြည့်ပြီး မေးလာတော့ ရှောင်လွှဲ၍မရတော့ပေ။ တစ်ယောက်သောသူက အိမ်ပေါက်ဝမှာရပ်နေတာမို့ လက်ထဲက ကိုင်လာသော သင်ရိုးညွှန်းတမ်းစာအုပ်ကိုပင် ကျိုးကြေအောင် ဆွဲဆုပ်လိုက်မိသည်။
" မ..မဟုတ်ပါဘူး ။ ကျွန်တော်မအားလို့ပါဗျ "
စုံသာမြိုင်သည် ညချမ်းအေး စကားကို ယုံမနေချေ။
ကျောင်းကပြန်လာရင်ပင် တန်းတွေ့နိုင်တဲ့အထိ သူတို့အိမ်သည်နီးကပ်နေပါသော်ငြား ညချမ်းအေးတစ်ယောက် မတွေ့အောင် ရှောင်ကာ ညနေစောင်းမှသာ ပြန်လာတက်လေသည်။ ယခုလည်း အတော်လေး မိုးချုပ်မှ အဖြူအစိမ်းဝတ်စုံဖြင့် ပြန်လာတာကြောင့် သူ့မျက်နှာသည် ထိန်းမရအောင်ပင် ပျက်နေတော့သည်။ သမီးဖြစ်သူကိုမေးကြည့်သေးသည်။
ဘဘမိုးကို ကြိုခိုင်းပါ ဟူသော စကားကလွဲ၍ မည်သည့်စကားမှ ပိုသိမလာခဲ့ပေ။"မင်း ဘာစားပြီးပြီလဲ "
" ကျွန်တော် ဒေါ်လေး တို့အိမ်က စားခဲ့ပြီ"
စုံသာမြိုင် စိတ်မရှည်ဖြစ်သွားကာ သူ့မျက်ခုံးတွေသည် အလိုလို တွန့်ကွေးသွားရာ ကန့်လန့်ဖြတ်ပြတ်ရှသည် ပိုမိုခက်ထန်သလို ဖြစ်သွား၏။
" မင်းဒေါ်လေးနဲ့မပတ်သက်လို့မရဘူးလား ချမ်းအေး။ ခုတလော ဝေမင်းဆိုတဲ့ ကောင်နဲ့ မင်းကိစ္စကို သတင်းတွေထွက်နေတာနည်းနည်းမှမကောင်းဘူးနော်"
ကိုစုံသာမြိုင်ပြောတာ အမှန်ပင်ဖြစ်နေတော့ သူ ပြန်ဖြေစရာစကားမရှိတော့ပေ။
အမှန်ပင် ဒေါ်လေးသည် ကိုဝေမင်းက သူ့အားစိတ်ဝင်စားနေကြောင်းခေါ်ပြောခြင်းဖြစ်လေသည်။
ဒေါ်လေး တင်နေသော အကြွေးသည် သူနဲ့မဆိုင်သော်ငြား ကူဆပ်ပေးစေချင်တဲ့စကားများစွာကိုလည်း ကြားခဲ့ရသည်။ သူ့၏လိင်စိတ်ဆန္ဒသည် သူများနဲ့မတူညီတာ မှန်ပေမဲ့ ယောက်ျားတိုင်းကို ကြိုက်နေတာ တော့မဟုတ်ပေ။သူသည် သာမန်လူသားတို့လိုပင် ချစ်တဲ့စိတ်သည်
တစ်ဦးတစ်ယောက်အပေါ်မှာတင် သက်ရောက်နိုင်ကြောင်း ဘယ်လိုပင်ရှင်းပြရပါမည်နည်း။
ယောက်ျားခြင်း ကြိုက်တာမှန်ပေမဲ့ ယောက်ျားများစွာကို ကြိုက်နေခြင်းမဆိုလို။
ဒေါ်လေး၏ စိတ်တွင် သူသည် ယောက်ျားတကာ အပေါ်နှစ်သက်နိုင်လိမ့်မည်ဟု အဘယ်ကြောင့် တွေးရသနည်း။
ESTÁS LEYENDO
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romancerebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။