တစ်ခုတည်းသော ဆောင်းမနက်ခင်းတွင် ရနံ့ကူးအား
မြို့ပေါ်သို့ ဦးသက်ခိုင်ခေါ်ဆောင်သွားခဲ့လေသည်။
ကလေးက ငယ်သေးတာတစ်ကြောင်း ၊ တစ်ခါမှ စုံသာမြိုင်နှင့် မခွဲခွာဘူးတာ တစ်ကြောင်းမို့ သွားခါစတွင် ဝမ်းနည်းကာ ဖျားခဲ့လေသည်။သို့သော် ပျော်စရာ လည်စရာ များ ပြည့်နက်နေသော နေရာမို့ မကြာခင်ရက်အတွင်း
မေ့မေ့ပျောက်ပျောက် ဖြစ်ကာ အဆင်ပြေသွားလေသည်။နရံ့ကူးအား လာမဲ့ ကျောင်းတက်ရာသီတွင် အဆင့်မြင့်ကျောင်း၌ အစကနေပြန်တက်စေမည်ဖြစ်ပြီး
လုပ်ငန်းတည်ရှိရာ အမာခံနေရာသည်ပင် ထိုမှာရှိတာကြောင့် စုံသာမြိုင်ကလည်း မကြာမကြာသွားနေရသည်။" ကျုပ်ရဲ့လုပ်ငန်းတွေက ဟိုမှာ ပိုများတယ်ချမ်းအေး။ ဆန်စက်အပါအဝင် ခေတ်မှီဆီသန့်စက်ရုံက ဟိုမှာပဲအခိုင်အမာရှိနေတာ။ ဆီက ဟိုဖက်နိုင်ငံ
တွေထိ ပို့တယ်၊ ဆန်ဈေးကွက်ကတော့နိုင်ငံအတွင်းပဲ ရှိပေမဲ့ အထက်ပိုင်းအောက်ပိုင်းထိ မချန် ဆန်လက်ကားဆိုင်တွေရှိတယ်ချမ်းအေး။ ဆိုလိုတာက
ဒီမှာရှိတဲ့ဆန်စက်က ကိုယ်ပိုင်တဲ့ဆန်စက်တွေရဲ့အစိတ်အပိုင်းတစ်ခုပဲရှိသေးတာ။ ဒီနေရာတစ်ခုထဲနဲ့လည်ပတ်နေလို့မရသလို တကယ့်ဆန်ထွက်တဲ့ဒေသတွေမှာ ဒီထက့်ကြီးတဲ့ဆန်စက်ရုံတွေ ၊ ကျုပ်ပိုင်တဲ့လယ်ဧကတွေအများကြီးပဲ။ တိုးတက်လာတဲ့နိုင်ငံရဲ့အနေအထားကြောင့် မကြာခင် ကျုပ်လည်း မြို့ပေါ်မှာ အခြေချရတော့မယ်။ နဂိုကတည်းက ကျုပ်ပိုင်
အိမ်ကြီးတွေက ဆန်စက်ရုံတွေနဲ့အတူ ရှိပေမဲ့ ချမ်းအေးကြောင့် ကျုပ်ဒီမှာအနေများခဲ့တယ် ကျုပ်တပည့်တွေအကုန်သိကြတယ်။ "ညချမ်းအေး စုံသာမြိုင်ပြောသည့်စကားများကိုနားထောင်ရင်းအံ့ဩခဲ့ရသည်။ သူချစ်ခဲ့တဲ့သူသည် ချမ်းသာမှန်းသိပေမဲ့ ထိုမျှအထိ အောင်မြင်နေမှန်းမသိရိုးအမှန်ပင်။
" ကျုပ်ရှင်းရှင်းပဲပြောတော့မယ် ချမ်းအေး ။ မင်း ကျုပ်နဲ့လိုက်ခဲ့ချင်လား"
ရေနွေးချမ်းငှဲ့သော လက်တို့သည် တုန့်နှေးကုန်၏။
အနည်းငယ်မျှဖိတ်စင်သွားသော ရေနွေးတို့အားကြည့်ကာ စုံသာမြိုင်သည် ပြန်လာမည့်စကားတို့အား သိပ်တော့မမျှော်လင့်ခဲ့ချေ။ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးကြောင့် သူတို့နီးစပ်ဖို့ကိုပင် လွယ်ကူခဲ့တာမဟုတ်။ ချိုမြိန်တဲ့ဆက်ဆံရေးကိုပင် အစပြုမယ်လို့ မကြံရသေး ဝေးဖို့ရာက အစပြုလာပြီဖြစ်၏။
ŞİMDİ OKUDUĞUN
ပိုးစုန်းကြူးလေးဖမ်းပေးပါ(Completed)
Romantizmrebirth ဇာတ်လမ်းအမျိုးအစားအား မှီငြမ်းရေးသားထားခြင်းဖြစ်သည်။