1

13.9K 508 8
                                    

*မင်းသားဝမ်နှင့် သူ၏ရန်သူများ*

ရွှေရောင်နှင့် အဖြူရောင်တို့ကိုသာအသုးံပြုပြီးဆောက်လုပ်ထားသည့်နန်းတော်ကြီးက တရုတ်ပြည်၏ လက်ကျန်တော်ဝင်မျိုးဆက် တစ်ခု ဖြစ်တဲ့ ဝမ် မျိုးဆက်က ထိန်းသိမ်းအုပ်ချုပ်နေသည်။ လက်ရှိ အရိုက်ရာကိုဆက်ခံမည့် တော်ဝင်မင်းသား ဝမ်ရိပေါ်၏ သတင်းတွေဟာဆိုရင်ဖြင့် အပြိုင်နိုင်ငံတွေအထိပါ ဟိုးလေးတကျော်ကျော်ဖြစ်လို့နေသည်။ အဖိုး၏ အမွေကိုဆက်ခံထားရသည့် ဝမ်ရိပေါ်နန်းတတ်တော့မည်ဆိုတာနဲ့ လိုလားသူထက် မလိုလားသူကများနေသည်။

ဝမ်ရိပေါ်၏ အဖိုး ဝမ်ဟန်က အင်အားကြီး ထိပ်တန်း Alpha တစ်ယောက်ဖြစ်ပြီး ရှားပါးမျိုးစိပ်ဖြစ်သည်။ သူ၏ဖယ်ရိုမုန်းဓာတ်ကို ဘယ် Alpha ,omega မှခံနိုင်ရည်စွမ်းမရှိပေ။ ဒါကြောင့်အိမ်ထောင်ဖက်ရရန်အတွက်လည်း အခက်ခဲရှိလေ၏။ သူ့ဖယ်ရိုမုန်းအနံ့ကိုရတဲ့ ဘယ်သူမဆို သတိလစ်ကာ အခန့်မသင့်ရင်သေဆုံးသည်အထိဖြစ်သွားကြသည်။ ဒါကြောင့် သူ့ရဲ့ sex ပါတနာအဖြစ် ခံစားနိုင်စွမ်းမရှိတဲ့ beta တွေကိုသာသုံးကြသည်။ တစ်နေ့မှာတော့ သူပတ်သတ်မိခဲ့တဲ့ beta အမျိုးသမီးက သွေးသားအပြောင်းလဲဖြစ်ပြီး omega အဖြစ်ပြောင်းကာ ကိုယ်ဝန်ရှိခဲ့သည်။ ဘဝမှာတစ်ခါမှ မမျှော်လင့်ခဲ့တာကြောင့် ဝမ်ဟန်အရမ်းကို ဝမ်းသာပြီး ထိုအမျိုးသမီးနှင့် အိမ်ထောင်ပြုခဲ့ကြသည်။ ထိုအမျိုးသမီးကဝမ်ဟန်၏ ဖယ်ရိုမုန်းကို အာရုံခံလို့ရလာတော့ တစ်ခြားသူတွေလိုပဲ ခံနိုင်ရည်မရှိတော့ပေ။ ဒါကြောင့် မွေးလာတဲ့ရင်သွေးလေးကိုပြုစုဖို့အတွက်သာ အတူတူနေထိုင်ခဲ့ကြသည်။

ဝမ်ဟန်ရဲ့ rut ကာလတွေမှာဆိုရင်တော့ အပန်းဖြေအိမ်မှာ တစ်ယောက်တည်း ဖြတ်သန်းရသည်။အဖက်ဖက်ကအင်အားကြီးပြီး မယှဉ်နိုင်တဲ့သူဖြစ်ပေမယ့် ကိုယ်ပိုင်omega မရနိုင်တဲ့ ဘဝကတော့ သူ့အတွက်ဆိုးရွားလှသည်။ ဝမ်ဟန်က သူမွေးလာမယ့်သားကို အရမ်းကိုမျှော်လင့်ထားသည်။ သို့ပေမယ့် မွေးလာသည့်သား ဝမ်ရန်မှာ သူ့လိုဖြစ်မနေပဲ Omega တစ်ယောက်ဖြစ်နေခဲ့သည်။ ရှားရှားပါးပါး ရလာတဲ့ ကလေးလေးမို့ ဘာပဲဖြစ်ဖြစ်ဝမ်ရန်ကို အမြတ်တစ်နိုးပဲ ချစ်ခင်ပေးခဲ့သည်။ ဝမ်ရန်လေး အသက် ၁၅ နှစ်မှာပဲ ဝမ်ဟန်ဟာ လုပ်ကြံခံခဲ့ရလေသည်။ ဒီလိုပြိုင်ဖက်ကင်းတဲ့ အင်အားကြီး Alpha အသတ်ခံရတယ်ဆိုတော့ အကုန်လုံးထိတ်လန့်ကုန်သည်။ ပြီးနောက် သေဆုံးနေသည့် ဝမ်ဟန်၏ ကိုယ်ထဲမှာ ပြင်းထန်သည့် omega ဖယ်ရိုမုန်းဓာတ်ကိုရနေသည်။ ထို omega က ဘယ်သူလည်းဆိုတာကို သူတို့မသိသလို ဘယ်လိုမှလည်း စုံစမ်းလို့မရခဲ့ပေ။

Enemies Of Prince Wang (Completed)Where stories live. Discover now