နန်းအိမ်တော်အထဲသာမက အပြင်မှာပါ ဝမ်ရိပေါ်အတွက်ရန်သူတွေဝိုင်းနေတာဖြစ်သည်။ ယုတ်အဆွဆုံး နန်းအိမ်တော်ထဲရှိ ငှက်တစ်ကောင်ကိုတောင်ယုံလို့မရတာဖြစ်၏။ သူ့ကိုမျက်လုံးပေါင်းတစ်ထောင်ကစောင့်ကြည့်ခံနေရတာ
ဖြစ်တာကြောင့် သူဟာ တစ်နေ့လုံးလိုလိုဘာမှလှုပ်ရှားခြင်းမရှိနေထိုင်သည်။ ရှောင်းကျန့်က သူရေချိုးသည့်အချိန်နှင့် အခန်းပြင်ထွက်လာသည့်အချိန်တွေသာ အနားမှာနေခွင့်ရတာဖြစ်ပြီး ကျန်တဲ့အချိန်တွေကတော့ ဝမ်ရိပေါ်ဟာတစ်ယောက်တည်းအခန်းထဲမှာသာပိတ်ပြီး နေတတ်သည်။ အဲ့သည်အချိန်တွေဆို ရှောင်းကျန့်ကတံခါးဝမှာသာ မက်တပ်ရပ်နေရ၏။ အပြင်ပန်းကြည့်ရင်တော့ ဝမ်ရိပေါ်ဟာပေါ့ပြတ်ပြတ်နေထိုင်သူလို့ထင်ရပေမယ့် အဲ့လောက်ထိမရိုးရှင်းတာကိုရှောင်းကျန့်ခံစားမိသည်။-------
မှောင်မိုက်ပြီးတိတ်ဆိတ်သည့် ညတစ်ညမှာ ကြယ်ဟူ၍ကောင်းကင်၌တစ်လုံးမျှပင်မရှိပေ။ ဝမ်ရိပေါ်ဟာ ပြတင်းပေါက်ကိုတစ်ချက်လှမ်းကြည့်ပြီးနောက် သူ့၏ ငွေရောင်ဆံပင်တွေကိုဖုံးစေရန် ခေါင်းစွပ်ဦးထုတ်အနက်ကို လည်တိုင်နားထိဆွဲချလိုက်သည်။ ပြီးနောက် ဟူဒီအနက်ရောင်အကြီးကို ဝတ်ဆင်ကာ ခေါင်းဆောင်းကိုထပ်ဆောင်း၍ mask အမဲရောင်ကိုတပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးကအနက်ရောင်တွေဖုံးလွှမ်းနေပြီး အသားရောင်ဟူ၍တစ်စက်မျှ မမြင်ရပေ။
ဝမ်ရိပေါ်ဟာ တိတ်ဆိတ်ပြီး အားလုံးအိပ်မောကျနေချိန် နန်းအိမ်ဆောင်ထဲကထွက်လိုက်ပြီး သူ၏ပြိုင်ကားအနက်ရောင်ပေါ်သို့တတ်ကာ အပြင်သို့မောင်းထွက်လာ၏။ နန်းဆောင်တစ်ခုလုံးအိပ်မွေ့ချခံထားရသလို တိတ်ဆိတ်နေတာဖြစ်သည်။ ဝမ်ရိပေါ်ကားလေးကိပေါပါးစွာမောင်းလာရင်း တစ်နေရာကိုဖုန်းလှမ်းဆက်လိုက်သည်။
"ကျွန်တော်ထွက်လာနေပြီ။ နောက် နာရီဝက်အတွင်းရောက်မယ်။"
ဝမ်ရိ ပေါ်သီချင်းလေးညီးရင်းကားကိုမောင်းလာ သည်။ လမ်းတစ်လမ်းလုံးကလည်း ပုံမှန်ကားအသွားအလာမရှိတာကြောင့် ခြောက်ကပ်တိတ်ဆိတ်နေ၏။ လမ်းဘေးတစ်လျှောက် မြက်ပင်အရှည်ကြီးတွေမှလွဲပြီး ဘာမှ မရှိပဲ ခြောက်ခြားစရာအလွန်ကောင်းလှသည်။ သို့ပေမယ့်သူ့အတွက်တော့ သွားနေကြနေရာတစ်ခုလိုအေးအေးလူလူပင်။