နားနေခန်းထဲရောက်တော့ ကုတင်တစ်လုံးတွေ့တာနဲ့ ရှောင်းကျန့်ထိုင်ငိုနေသည်။ သူ့ကိုယ်တိုင်လည်း အံ့ဩမိတာ ခုတစ်လောမျက်ရည်လွယ်နေသလိုပင်။ တစ်ခုခုဆို ငိုချင်တာပဲသိတော့တယ်။ ဝမ်ကိုအရင်ကလိုပဲ ဆက်ဆံခိုင်းရမလိုပဲ။ သူချော့လေ ကိုယ်ကပိုငိုချင်လေ။
"ကျန့်...."
ရှောင်းကျန့်က ငိုနေတာမို့ ရိပေါ်အနားသို့လာထိုင်ပြီး ပြာပြာသလဲ ချော့တော့သည်။
"ဘာလို့ငိုနေတာလဲ။"
ရှောင်းကျန့်ကငိုနေရင်းနဲ့ပဲ သူ့ဖက်လှည့်လာပြီး
"သူတို့နဲ့ ရင်းနှီးတာဘယ်လောက်ရှိပြီလဲ။"
" သူတို့က nurse တွေဒီအဆောက်ဦပြီးမှ သူတို့ကိုခေါ်လာတာ သူတို့နဲ့ရင်းနှီးတာ တစ်လလောက်တော့ရှိပြီ။"
"ဝမ့်ဆီက ချိုသာတဲ့စကားလေးတစ်ခါကြားရဖို့ ကျွန်တော်ဘယ်လောက်စောင့်ခဲ့ရလဲ။ တစ်လနှစ်လမကဘူး။ ဝမ်လုံးလေးမွေးပြီးတာတောင် ကျွန်တော့်ကို ကောင်းကောင်းမဆက်ဆံခဲ့ဘူး။ ဒီမိန်းမတွေကြတော့ တစ်လလောက်နဲ့ ရင်းနှီးရုံမဟုတ်ပဲ ဟီလာထနေပြီ။ အီး...ဟီး...အရမ်းရင်နာဖို့ကောင်းတယ်။"
"ကျန့် ကိုယ်ရှင်းပြမယ်။ ကိုယ်ကလေ အခုမှ လုပ်စရာလေးတွေကြောင့် ပြောင်းလဲလိုက်တာ။ နိုင်ငံရေးကအရမ်းရှုပ်ထွေးတယ်။ကျန့်ရဲ့ ကိုယ်အရင်က မင်းနဲ့မှ မဟုတ်ဘူး။လူတိုင်း အပေါ်အဲ့လိုမျိုးပဲ။ အခုကအဲ့လိုနေလို့မရတော့ဘူး။ ကိုယ့်ကိုတိုင်းသူပြည်သားတွေ ယုံကြည်ဖို့လိုတယ်လေ။"
"ဒါဆို ဒီကိုလာရင် အိပ်ဖို့စီစဉ်ထားတယ်။ဒီမှာ နှစ်ယောက်အိပ်ကုတင်ကြီး။ဘယ်သူနဲ့အိပ်ဖို့လဲ"
ရိပေါ်အလုပ်အကြောင်းကို ရှောင်းကျန့်က ဘာမှ မသိခဲ့တော့ တစ်ခုပြီးတစ်ခုမေးခွန်းထုတ်ကာ သံသယဝင်နေတာဖြစ်သည်။ ပြီးတော့ရိပေါ်ကအမြဲလျှို့ဝှက်ချက်တွေနဲ့။
ရိပေါ် သူတို့ထိုင်နေတဲ့ကုတင်ကြီးကို သေချာကြည့်လိုက်သည်။ အခုမှပဲသေချာမြင်ဖူးတာဖြစ်သည်။
"ကိုယ် မင်းနဲ့ဘယ်နှစ်ညများခွဲအိပ်ဖူးလို့လဲ။ တစ်နေကုန်မရှိရင် မရှိဘူး။ ညဆိုမင်းနဲ့ပဲအိပ်တာလေ။"