Rut ကာလ 7 ရက်မြောက်အပြီးမှာတော့ ရှောင်းကျန့်ဟာ ထတောင်မရပ်နိုင်တော့ပဲ အိပ်ယာထဲမှာလဲနေသည်။ ရိပေါ်၏အလျှော့ပေးမှုကြောင့် ချွဲချင်စိတ်ကပိုလာ၏။
"မကောင်းတဲ့လူ။"
"ကိုယ်မင်းကို ပြန်ခိုင်းတယ်။"
ရိပေါ်က ကဲကဲသဲသဲမလုပ်တတ်ပဲ သူဒီလောက်ညည်းညူပြနေတာတောင်သူ့အလုပ်မပြတ် အဝတ်လဲခြင်းကိုလုပ်နေ၏။
"ကျန့်ကျန့်မှားတာပါ။ ဝမ့်ကိုဘာမှ မပြောတော့ဘူး။"
* ဂရုစိုက်ခံချင်လို့ပြောလည်းမသိဘူး။ *
ရိပေါ်သူ့အား နားမလည်သလိုကြည့်ပြီး။
"Rut ကာလပြီးတော့ မင်းဘေးမှာ ၂၄ နာရီလုံးနှစ်သိမ့်ပေးတယ်လေ။ ကိုယ်နားမလည်တော့ဘူး။"
ဟုတ်တာပဲ ရိပေါ်က ခုလိုအထာပေးတာတွေ ဘာတွေ။ စိတ်ဆိုးရင်ချော့ရမှာတွေ ဘာနားလည်မှာလဲ။ သူကအမြဲအလုပ်ချိုးကပ်နေသူမဟုတ်လား။ တစ်ရက်တော့ကိုရီးယားကား ကြည့်ဖို့မြူစွယ်ရမယ်။
"ကိုယ် တစ်ရက်လောက်ခရီးသွားစရာရှိတယ်။ ဘယ်မှ မသွားပဲ ဟွေ့ကျူးနဲ့ အတူနေ။"
"ဘယ်ကိုသွားမှာလဲ။"
"ပြောရင်လည်းသိမှာမဟုတ်ဘူး။"
ရိပေါ်က ပြင်ဆင်ပြီးပြီမို့ ထွက်သွားမည်အပြု ရှောင်းကျန့်က အမြန်ကုတင်ပေါ်ကဆင်းလာသည်။
"အ့..."
"ဘာလုပ်တာလဲ။"
ရိပေါ်လဲ ကျမလိုဖြစ်သွားတဲ့ရှောင်းကျန့်ကို ထိန်းလိုက်ပြီး စိုးရိမ်စွာမေးလိုက်သည်။ ထိုအခါရှောင်းကျန့် ဟိုကြည့်ဒီကြည့်လုပ်ပြီး..
"ပြွတ်...အမြန်ပြန်လာ။"
သူက ရိပေါ်ကိုဖျက်ကနဲ နမ်းကာကုတင်ပေါ်တတ်ပြီး စောင်ခေါင်းမူးခြုံလျှက် ပြန်အိပ်သွားသည်။ ရိပေါ်သူ့ကို ခနကြာကြာ ပြုံးစိစိကြည့်နေမိ၏။
သူဘယ်လိုချစ်ရမလဲ မသိ။ ကြည့်နေရရုံ မြင်နေရရုံနဲ့ ကြည်နူးနေမိတာ အချစ်လား။ ကုတင်ပေါ်တတ်ဖြစ်တာ rut ကာလနှင့် သူ၏heat ကာလတွေမှာမို့ ခံစားချက်က ရှုပ်ထွေးသည်။ ကလေးကိုလိုချင်လို့လား ရှောင်းကျန့်ကို ဖမ်းဆုပ်ထားချင်လို့လားဆိုတာကိုတော့ သဲသဲကွဲကွဲသိပြီလို့ထင်သည်။