ရှောင်းကျန့် မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ မိုးလင်းတာနဲ့ ကုတင်ပေါ်မှာတင် လက်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေသည့် ရိပေါ်ကိုတွေ့လိုက်ရသည်။ ရိပေါ်အလုပ်ရှိပေမယ့် ရှောင်းကျန့်နိုးလာသည့်အခါ သူဘေးမှာမရှိရင် တစ်ခုခုပြောတော့မယ်ဆိုတာကြိုသိတာမို့ ကုတင်ပေါ်မှာပဲအလုပ်လုပ်နေခြင်းပင်။
"ဝမ်...."
"အင်း.....နိုးပြီလား။"
သူ့ဘာသာအလုပ်ကိုသာ လုပ်နေပြီးရှောင်းကျန့်ကိုတစ်ချက်မှလှည့် မကြည့်လာတာကြောင့် ရှောင်းကျန့်ထကာ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်လိုက်သည်။
"အော်...ဒါနဲ့ ကိုယ်မင်းကိုပြောစရာရှိတယ်။ ကိုယ့်ကိုအရင်လို အနီးကပ်အလုပ်လုပ်ပေးတာမျိုး လုပ်နိုင်မလား။"
"သားလေးရှိသေးတယ်။"
ရှောင်းကျန့်က အဲ့လိုပြောပြီး သားလေးကိုခေါ်ဖို့ထွက်သွားသည်။ ရိပေါ် လုပ်လက်စခနရပ်တန့်သွားပြီး
*ကြိုက်တာလား မကြိုက်တာလား။*
သူဖောင်ဒေးရှင်းတစ်ခုလုပ်ဖို့စီစဉ်ထားသည်။ ဆေးကုဖို့မတတ်နိုင်သည့်ကလေးတွေအတွက်ရည်ရွယ်ပြီးလုပ်ဖြစ်တာဖြစ်ပြီး ဖြတ်စားလက်စားမရှိရန်ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မှာဖြစ်လို့အတွင်းရေးမှူးအဖြစ် သူ့ဇနီးကိုဘေးမှာထားချင်သည်။
ခနနေတော့ရှောင်းကျန့်က သူ့ကလေးပိုက်ပြီး ပြန်ဝင်လာကာ တစ်ဖက်လှည့်ပြီး နို့တိုက်လေ၏။
"ကိုယ့်ကို မကျေနပ်တာရှိလား။"
"မရှိပါဘူး။"
"ဒါဆိုကိုယ်ကဘာလို့အဲ့လိုထင်နေမိတာလဲ။"
"ကျွန်တော်နဲ့ ဝမ်က ဘယ်တုန်းကများ ဆယ်မိနစ်ပြည့်အောင် စကားပြောဖူးလို့လဲ။ ဝမ်ခိုင်းတာကျွန်တော်လုပ်တယ်။ ဝမ်မကြိုက်တာ ကျွန်တော်မလုပ်ဘူးလေ။ အခုမှ ကျွန်တော့်အပေါ်အရမ်းအာရုံစိုက်နေလို့ထင်တယ်။"
"အင်း..."
ဟုတ်တော့ဟုတ်ပါသည်။ သူနှင့်ကိုယ်က ဘယ်တုန်းကမှအေးအေးဆေးဆေး ဖြတ်သန်းဖူးတာမဟုတ်ပဲ။