ကျယ်ဝန်းပြီး ခမ်းနားလှသည့်နန်းအိမ်တော်ကြီးထဲ ဖိနပ်ဖြင့်နင်းလျှောက်နေရသည်မှာ ရှောင်းကျန့်ခြေထောက်တွေပင်ယားကျိကျိဖြစ်လာသလိုပင်။ထြို့ပင် ရှိသမျှအစောင့်တွေ၏မျက်လုံးတွေကသူ့အားတောက်ထောက်ကြည့်နေသည်ဟု လိုက်မကြည့်ပါပဲခံစားနေရသဖြင့် လူကမလုံမလဲဖြစ်နေ၏။
နန်းအိမ်တော်ကြီးအပေါ်ထပ်ရှိကျယ်ပြန့်သော hall ခန်းကြ်ီးသို့ရောက်သော်အိမ်တော်ထိန်းကျန်းက..
"မင်းသား မကြာခင်ရောက်လာလိမ့်မယ်။"
ရှောင်းကျန့်ရိုသေစွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။ အခန်း၏ထိပ်ဆုံးမှာတော့ ရှေးဘုရင်ခေတ်ကလို ပုလ္လင်ပုံစံခုံတစ်လုံးရှိသည်။ ခုခေတ်ကတော့ကနုတ်ပန်းနှင့်ရွှေကိုအသုံးပြုသည့် ပုလ္လင်မျိုးမဟုတ်ပဲ Luxury ခုံအမျိုးစားဖြစ်သည်။ မကြာခင်တော့ရှူးဖိနပ်ခွာသံတစ်ချက်ချင်းစီထွက် ပေါ်လာပြီး အိမ်ရှေ့မင်းသားဟာထွက်လာခဲ့သည်။ ရှောင်းကျန့်သူ့ကို ခနလောက်ငေးမိသွားသည်။ ပါးဖောင်းဖောင်း ဆံပင်အဖြူရောင်လေးနှင့် နို့နှစ်ရောင်အသားရေက နိုင်နိုင်းလုပ်ပေးနေကြ ကြက်ဥပူတင်းတုန်တုန်ဖောင်းဖောင်းလေးကိုသတိရသွားစေသည်။ မျက်နှာလေးကချစ်စရာပေမယ့်ခန္တာကိုယ်က အသက်ရွယ်နှင့်မလိုက်အောင် တောင့်တင်းနေသည်။
ရှောင်းကျန့်က မင်းသားလေးချစ်ဖို့ကောင်းသည်ဟု စိတ်ထဲမှတ်လိုက်ပေမယ့် တွန့်ချိုးနေသည့်အလိုမကျသည့်မျက်နှာကတော့ ထိုအလှကိုဖျက်စီးနေသည်။
"အိမ်တော်ထိန်းက ကျုပ်စကားကိုဂရုမစိုက်တာလား။ ကျုပ်မလိုအပ်ဘူး။"
"မင်းသား.."
ရှောင်းကျန့် ရိပေါ်အော်သံကြောင့်လန့်ဖြန့်သွားသည်။ ပြီးတော့ရိပေါ်ကဒေါသတစ်ကြီး သူ့အနားတိုးလာကာ ဂုတ်ကဆွဲပြီး..
"မင်းကို ငါခေါ်တာမဟုတ်ဘူး။...ဒီကနေထွက်သွားလိုက်တော့..."
"မင်းသားဝမ်!"
အိမ်တော်ထိန်းကသတိပေးပေမယ့်ရိပေါ်ဂရုမစိုက်။
ရိပေါ်ရဲ့ကိုယ်ပေါ်မှာ လက်ကျန်ဖယ်ရိုမုန်းနံ့တွေရှိနေသည်။ ထုတ်လွှတ်နေတာမျိုးမဟုတ်ပဲ လက်ကျန်အနံ့နဲ့တင် ဘယ်လောက်အားပြင်းလဲရှောင်းကျန့် ခန့်မှန်းလို့ရလိုက်သည်။ ဝမ်ရိပေါ်ကိုသူ ချစ်စရာကောင်းတယ်လို့မြင်လိုက်မိတာအရမ်းမှားသွားခဲ့သည်။ သူ့ကိုဂုတ်ကဆွဲပြီး မျက်လုံးနီကြီးနှင့်ကြည့်နေသည်မှာ အရမ်းကြောက်စရာကောင်းနေပြီး ကြောက်စရာဖယ်ရိုမုန်းနံ့ကိုလည်းရနေသေးသည်။
ဝမ်ရိပေါ်ဟာရှောင်းကျန့်မျက်နှာကိုစေ့စေ့ကြည့်ရင်း ခြောက်လှန့်ပစ်သည်။ အလုပ်သမားတွေကို omega,beta ဟုသတ်မှတ်မထားပေမယ့် သေချာပေါက်ကတော့ Alpha နှင့် beta ပဲသူ့အနားကိုလွှတ်ပေးသည်။ Omega ဆိုတစ်ခါတည်း အသက်ပျောက်သွားမှာ။ ရှောင်းကျန့်ကို Beta လို့ပြောပေမယ့် သူဖယ်ရိုမုန်း အနည်းငယ် လွှတ်ကာရိပေါ် ခြောက်လှန့်မိသည်။ သူ့ဖယ်ရိုမုန်းကြောင့်ရှောင်းကျန့်ဟာ စိုစွတ်နေသည့်မျက်လုံးကြီးတွေနှင့် ကြည့်ပြီးအော်ငိုလိုက်တော့သည်။