မှောင်မည်းအေးစက်ပြီး တိတ်ဆိတ်သည့် ညသန်းခေါင်ယံမှာ ရှောင်းကျန့်တစ်ယောက် ကတ္တရာလမ်းအတိုင်း လေးပင်စွာလျှောက်လာသည်။ သူဘဝဘယ်လိုဆက်ဖြစ်မလဲ မတွေးရဲ။ နိုင်နိုင်းအသက်မပြောနဲ့ ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်တဲ့ အသုံးမဝင်တဲ့ အမှိုက်လို့ကိုယ့်ကိုကိုယ်မြင်မိကာ စိတ်ဓာတ်ကျခြင်းဝမ်နည်းခြင်းများဖြင့် ပါးပြင်ထက်မျက်ရည်တွေစီးကျလာ၏။
"ဂီး...ဂစ်"
"အာ့း...လန့်လိုက်တာ.."
အတွေးများနေစဉ် အနားသို့ရောက်လာသည့် ဇီးကွက်ကအသံကုန်အော်တော့ ရှောင်းကျန့်လန့်ဖြန့်သွားသည်။ တစ်ဆက်တည်းဆွဲဆွဲငင်ငင်နှင့် ခွေးတစ်ကောင်ကထအူလေ၏။
"ဇွတ်အော်မနေနဲ့ ငါလန့်တယ်။"
ဇီးကွက်က သူ့မျက်နှာရှေ့မှာ တဖက်ဖက် နှင့် ပျံဝဲကာ တဂစ်ဂစ်အော်နေသေးသည်။ ရှောင်းကျန့်ဇီးကွက်ကို သေချာကြည့်ပြီး မျက်လုံးတြွေပူးကျယ်သွားသည်။ တစ်ဆက်တည်း သူ့ခေါင်းထဲမှာဇီးကွက်ပြောချင်နေသည့်စကားတွေ ဝင်ရောက်လာ၏။
"သွေးအိုင်ထဲမှာ လူတစ်ယောက်။ သွေးအိုင်ထဲမှာလူတစ်ယောက်။"
ဇီကွက်ပျံထွက်သွားသည့်နောက်သို့ရှောင်းကျန့်ပြေးလိုက်သွားသည်။ ကတ္တရာလမ်းဘေးမြက်ခင်းထဲဝင်သွားတာမို့လမ်းမရှိသဖြင့် ဆူးပင်ခြုံနွယ်တွေ သူ့ခန္တာကိုခြစ်မိလေသည်။
"အ့"
နုဖက်နေသည့်ပါးပြင်လေးကိုခြစ်မိသွားတော့ နာကျင်မှုကိုအောင့်မထားနိုင်ပဲအော်မိသည်။ သို့ပေမယ့် ဇီးကွက်ကို မျက်ခြေပျက်မှာစိုးသည်အတွက် ပြေးလိုက်ရင်း တစ်နေရာမှာတော့ ဇီးကွက်ကသစ်ပင်မြင့်ကြီးပေါ်မှာနား၍ တဂစ်ဂစ်အော်နေလေ၏။ ရှောင်းကျန့်ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်တော့ ခြုံတွေထူထပ်နေသည်။ သူ့ဖုန်းမီးလေးထွန်းကာ ရှာဖွေကြည့်တော့ စွပ်ကြောင်းတစ်ခုကိုတွေ့လိုက်ရသည်။ စွပ်ကြောင်းက သူနှင့်ဆန့်ကျင်ဖက်နေရာကလာတာဖြစ်ပြီး တော်တော်ရှည်တဲ့ခရီးလမ်းကို ဒရွတ်တိုက်ဆွဲလာခံရတာဖြစ်သည်။ သူလက်ကဖုန်းလေးကိုကျစ်နေအောင်ဆုပ်ရင်း ရှေ့နားသို့ဖြေးဖြေးတိုးလာတော့