ရှောင်းကျန့်ယိုင်နဲ့နဲ့ဖြင့် ရိပေါ်၏အခန်းထဲသို့ဝင်လာ ပြီးဖိတ်စာကဒ်ကို စားပွဲပေါ်တင်လျှက်..
"ရှင်းပြနိုင်မလား။"
ရိပေါ်က ထိုဖိတ်စာကိုကြည့်ကာ ခပ်ရွဲ့ရွဲ့ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ။"
သူ့ကိုပြန်ပြီးမေးခွန်းထုတ်နေတာမို့ ရှောင်းကျန့်ခံပြင်းသွားရသည်။ သူ့ဆီကခွင့်ပြုချက်တောင်းစရာမလိုဘူးဆိုရင်တောင် အသိပေးတာလေးတော့လုပ်သင့်တယ်မဟုတ်လား။ လူကိုသူ့ရဲ့ အိမ် မွေးတိရစ္ဆာန်လို ထားချင်သလိုထား လုပ်ချင်သလိုလုပ်နဲ့။ အခုမေးတော့လည်း မထင်မဲမြင်လုပ်နေပုံကခံပြင်းစရာ။
ရိပေါ်ဖိတ်စာထက်မှ
*ဘုရင်မင်းမြတ်ဝမ်ရိပေါ်နှင့် မိဖုရားရှောင်ရှောင်းကျန့်တို့၏ ထိမ်းမြားမင်္ဂလာပွဲ*
ဆိုသည့်စာလုံးတွေကို လက်ညို့လေးဖြင့် သဘောတကျတို့လျှက်
"ခုလောက်ဆို ပွဲကြမ်းနေလောက်ပြီ။"
ရှောင်းကျန့်ခုံလေးမှာ ထိုင်လိုက်ပြီး..
"ကျွန်တော့်ကိုရောဘာလို့ဒီလိုလုပ်ရပ်တာလဲ။ အရှင့်ကိုမေ့နိုင်အောင်ကြိုးစားခိုင်းပြီးတော့မှ.."
"Sorry ငါလုပ်စရာပေါ်လာလို့ အဲ့ဒီအတွက်မင်းကို ငါလျော်ကြေးပြင်ဆင်ထားတယ်။ မင်္ဂလာဆောင်တာက ဟန်ပြသက်သက်ပဲ။ အချိန်တစ်ခုကြရင် ပြန်ကွာရှင်းပေးမယ်။"
ရှောင်းကျန့် ထိုင်ခုံလက်တန်းကို ကျစ်နေအောင်ဆုပ်လိုက်ပြီး...
"ကျွန်တော့် ကိုလာသတ်ကြမှာကို ထည့်မတွက်တော့ဘူးလား။"
"အဲ့တာကြောင့် မင်းကိုငါဖွက်ထားပေးတယ်လေ။"
"အခု ကြင်ယာတော်မိဖုရားအဖြစ်ရွေးလိုက်တော့ လူယုတ်မာတွေက ကျွန်တော်အသက်ရှင်နေတာကိုသိသွားပြီလေ။"
ရိပေါ်က သူ့အနားကိုလျှောက်လာပြီး မေးစေ့ကိုအသာဆွဲမော့ကာ
"မင်းကိုဘယ်သူထိရဲလဲ။"
"ကျွန်တော့ကိုအရုပ်လို့သဘောထားတာလား။ ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်လိုသဘောထားနေတာလား။ တစ်ခြားနေရာတွေမှာ ကြိုက်သလိုအသုံးချပါလား။ အရှင့်တွက် တိုင်ပွဲဝင်ပြီး အသက်စွန့်ရရင်တောင်ခုလောက်နာကျင်မှာမဟုတ်ဘူး။"