11

4.3K 375 12
                                    

ရိပေါ် အပန်းဖြေလေ့ရှိတဲ့နေရာတော်တော်များများက လူမသိသူမသိနေရာတွေ သာများသည်။ ယခုလည်း သူဝင်သွားသည့်အဆောက်အဦးမှောင်မှောင်မဲမဲက အထဲဝင်သွားတော့မှ Hotel ဆိုတာရှောင်းကျန့်သိရသည်။ မှတ်ပုံတင်အစား သူတို့သတ်မှတ်ထားသည့် member ကဒ်လိုဟာမျိုးနဲ့မှ သာဝင်လို့ရလေသည်။ လျှောက်လမ်းတစ်လျှောက်လုံးကလည်း အဝါရောင်မီးမှိန်ပြပြကိုသာ ထွန်းထားလေ၏။ အဆောက်ဦတစ်ခုလုံးကို အသုံးပြုထားသည့်အသုံးဆောင်တွေကတော့အဖိုးတန်တယ်ဆိုတာ ကြည့်တာနှင့်တင်ခံစားမိနိုင်သည်။

သူတို့ငှားသည့်အခန်းကိုရောက်တော့ ရိပေါ်ကလက်ဗွေနှိပ်ပြီးတော့ ဝင်လိုက်လေသည်။ ဒါကိုကြည့်ချင်းအားဖြင့် သူဒီကိုလာဖူးတာ ဒါပထဆုံးမဟုတ်လောက်ဘူး။ သို့ပေမယ့်ရှောင်းကျန့်မေးဖို့ အရည်ချင်းမရှိပေ။

အခန်းထဲမှာတော့မီးတွေလင်းထိန်ပြီး သန့်ရှင်းသပ်ရပ်နေသည်။ ရိပေါ်ကတော့ အရင်ဆုံးရေချိုးခန်းသို့ဝင်သွားလေသည်။  သူလည်းတော်လေးနုံးချိနေပြီမို့ ရေချိုးချင်သည်။

"မင်းရောချိုးမလား."

"ဟုတ် မင်းသား ချိုးပြီးမှ...."

"အတူချိုးလို့ရတယ်။"

ရှောင်းကျန့်ရင်တွေခုန်လာသည်။ ရေချိုးခန်းထဲမှာချစ်ရည်လူးမယ့်အစီစဉ်လား။သို့ပေမယ့် သူတွေးသလိုမဟုတ်ပဲ ရိပေါ်ကသူ့ဘာသာရေပန်းအောက်မှာ ချိုးနေသည်။ သူကကူညီဖို့လည်းမပြောတော့ ရှောင်းကျန့်လည်း ဒီတိုင်းပဲ ရေချိုးလိုက်သည်။ အပြင်ထွက်လာတော့လည်း ရိပေါ်က bathrobe ကိုဝတ်ပြီး ဝရံတာမှာထွက်ထိုင်နေ၏။ ရှောင်းကျန့်လည်း bathrobe ကိုဝတ်ကာ မလှမ်းမကမ်းမှာ မက်တပ်ရပ်နေလိုက်သည်။

*ကလေးမွေးပေးဆိုပြီး ဘာမှလည်းမလုပ်ဘူး။*

ရေချိုးပြီးကာစ လန်းဆန်းနေသည့်အခြေနေမှာ လေတဖြူးဖြူးတိုက်ခက်မှုက ပင်ပန်းသမျှအမောတွေကိုပြေစေသည်။ တစ်ယောက်ယောက်က နှိပ်နယ်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန် သုခဘုံပေါ့။

"ကျန့်ကျန့်..."

ရိပေါ်ခေါ်လိုက်တော့ရှောင်းကျန့် ပြာပြာသလဲ ရှေ့ကိုရောက်လာသည်။

Enemies Of Prince Wang (Completed)Where stories live. Discover now