ရှောင်ယဲ့သီချင်းလေး တစ်အေးအေးနှင့်အိမ်ထဲဝင်လာစဉ်..
'ခွပ်'
'အ့'
အဒေါ်ဖြစ်သူ သမ္မကြီး၏မိန်းမ ဟွားလျန်က သူ့ခေါင်းကို ခွက်ဖြင့်လှမ်းပေါက်လေ၏။
"အန်တီဟွား...ဘာဖြစ်လို့လဲ"
"မင်း ရဲ့စရိုက်ကို အခုထိမပြင်ဘူးလား။ မင်းနန်းအိမ်တော်မှာဘယ်လိုပြသနာရှာခဲ့သလဲ။"
"ပြသနာ မရှာပါဘူး သမီးကလူမှားပြီး ခိုင်းမိရုံလေးပါ။"
ထိုအခါ သမ္မတကြီးက သူ့ရှေ့မှာရပ်ပြီး မျက်နှာတည်လျှက်..
"လေးလေး သမီးကို ဦးလေးရဲ့ မြင့်မြတ်တဲ့မျိုးနွယ်ဖြစ်တဲ့ တူလေးနဲ့ နေရာချပေးတဲ့အထိလုပ်ပေးခဲ့တယ်။ သမီးကိုလေးလေး ဘယ်လောက်ထိချစ်လဲသိပါတယ်။ ရိပေါ်နဲ့ ရင်းနှီးအောင်မကြာခန နန်းအိမ်တော်ထဲသွားလည်ခိုင်းတာ။ ပြသနာရှာဖို့မဟုတ်ဘူး။ "
တစ်ခါမှ မဆူဖူးတဲ့ လေးလေးကြောင့် ရှောင်ယဲ့ကြောက်ရွံ့ငြိမ်ကုတ်နေသည်။
"သမီးကို လေးလေးက ထက်မြတ်ပြီး ရိပေါ်နဲ့ထိုက်တန်တဲ့ မိန်းကလေးဖြစ်စေချင်တာ။ ရှင်းရှင်းပြောရရင် သမီးမိသားစုရဲ့အနာဂတ်က သမီးလက်ထဲမှာပဲရှိတာ။ လေးလေးက လေးလေး အမျိုးသမီးကိုရော ဟောဒီကသမီးကိုရော ချစ်လို့ခုလိုစီစဉ်ပေးတာ။ ဒီနေ့လိုလုပ်ပုံနဲ့ဆို သားဝမ်ကစိတ်မပြောင်းဘူးပြောလို့မရဘူး။"
"ရှောင်ယဲ့နာခံပါ့မယ်လေးလေး..."
လေးလေးအပြောကြောင့်ရှောင်ယဲ့ထိတ်လန့်သွားသည်။ ဒီကြားထဲ ရိပေါ်စိတ်ပြောင်းသွားလို့မဖြစ်ပေ။ ဘာမဟုတ်တဲ့ သတင်းသေးသေးလေးကအစ လေးလေးဆီပြန်ရောက်နေတယ်ဆိုတော့ သူသတိထားဖို့လိုနေပြီ။
______
တစ်နေကုန်နုံးချိပင်ပန်းထားတာမို့ ရှောင်းကျန့်ရေချိုးပြီး အိပ်ယာပေါ်လှဲမည်လုပ်လိုက်စဉ်...
"ဒိန်း"
တံခါးကိုဖွင့်ကာ ပိုင်စိုးပိုင်နင်းဝင်လာတဲ့ရိပေါ်...
"မင်း ဘယ်လိုတောင် ဖာဆန်တာလဲ။"
"ကျွန် ကျွန်တော့်ကိုဘာလို့အဲ့လိုပြောတာလဲ။"