26

5K 348 14
                                    

ရှောင်းကျန့်အိပ်ယာနိုးလာတော့အတူခြုံထားသည့်ဆောင်ကိုဖယ်ကာ ပြောင်နေသည့် သူ့တင်ပါးကိုသူကိုင်ကြည့်ရင်း

"ကျွတ်....ကျွတ်.."

တစ်‌ခြားနေရာတွေ ဘာမှမဖြစ်ပဲ တင်ပါးနှစ်လုံးကနာနေလေ၏။ ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်က အေးချမ်းစွာအိပ်မောကျနေသည်။

*ဟွန်း...တစ်ချက်လောက်ပဲအကိုက်ခံကြည့်ပါ။*

ရှောင်းကျန့်က စောင်ကိုလှန်ပြီး ရိပေါ်ရဲ့တင်ပါးကိုပြန်ကိုက်ချလိုက်သည်။

"အား....ဘာ...ဘာလုပ်တာလဲ။"

အလန့်တကြားနှင့် ရိပေါ်ကနိုးလာတော့

"ကျွန်တော့်ကို ဝမ်လုပ်ထားတာ။ မမှတ်မိဘူးလား။"

"ဘာလုပ်လို့လဲ။"

"တင်ပါးတွေကို ကိုက်တာလေ။"

"အော်အဲ့တာ ဟိုကိစ္စဖြစ်ရင်း သူ့အလိုလိုလုပ်မိသွားတာ။"

ရိပေါ်က ခေါင်းလေးကုတ်ကာ မျက်နှာမဲ့ပြီးပြောလိုက်သည်။

"လုပ်တဲ့သူကတော့ အလွယ်လေးပဲ ခံရတဲ့သူကိုကြည့်ဦး..."

ရှောင်းကျန့်က ထိုင်လျှက်ကျောပေးလိုက်ပြီး သူ့တင်ပါးတွေကိုသတိလက်လွတ်လှည့်ပြလိုက်သည်။ အခြေနေကခန တိတ်ဆိတ်သွားပြီး ရိပေါ်၏မျက်လုံးတွေ ထိုတင်ပါးဆီကမခွာပဲ တံတွေးမျိုချသံကိုပါကြားလိုက်ရတဲ့အခါမှာတော့ ရှောင်းကျန့် ဘောင်းဘီကိုယူကာဝတ်ရန်ပြင်လိုက်သည်။

"ထားလိုက်တော့ ကျွန်တော်ရေချိုး...အ့"

ရိပေါ်ရှောင်းကျန့်ကို ဆွဲမကာ ကုတင်ပေါ်မတင်လိုက်သည်။

"ရေချိုးတော့မှာ..."

"ခနလေးပဲ ဖက်ထားချင်လို့..."

"နာနေတယ်။"

"ဘာမှ မလုပ်ဘူး။ကတိပေးတယ်။"

ထိုသို့ပြောတော့ရှောင်းကျန့်က ငြိမ်သွားပြီး သူဖက်ထားသည့်အတိုင်း အလိုက်သင့်တိုးဝင်လာ၏။ ရဲနေသည့် တင်ပါးတွေကိုတော့ ရိပေါ်က အသာယာပဲပွတ်ပေးနေလိုက်သည်။ ရှောင်းကျန့်ရိပေါ်၏ရင်ခွင်ထဲ မျက်လုံးလေးမှိတ်ကာခံယူရင်းက သူ့ပေါင်လေးတွေကို စေ့လိုက်သည်။

Enemies Of Prince Wang (Completed)Where stories live. Discover now