"ကျန့်ကျန့် မင်းအဆင်ပြေလား။"
မနက်စောစော ယွီပင်းလမ်းလျှောက်ရင်း တံခါးကြီးကပျက်နေတာမို့ အခန်းထဲထိ လျှောက်လာခဲ့သည်။ သူအခန်းထဲရောက်တော့ ကုတင်မှာခွေခွေလေးလှဲနေသည့် ရှောင်းကျန့်ကိုတွေ့လိုက်ရလေသည်။
"ကိုယ်မပူတော့ဘူးပဲ။ တစ်ညတည်း အဆင်ပြေသွားတာပဲ တော်သေးတာပေါ့။"
သို့ပေမယ့်ရှောင်းကျန့်ကဘာမှ မပြောပဲမျက်ရည်တွေကျနေလေသည်။ ယွီပင်း အခန်း၏အ ခြေနေကိုအကဲခတ်ကြည်ပြီး မျက်လုံးပြူးကာ
"မင်း Alpha ရဲ့အကူညီကိုရလိုက်တာလား။ မင်းကိုနှစ်သိမ့်တာလေးတောင် လုပ်မပေးပဲပြန်သွားတာလား။"
ရှောင်းကျန့်ဘာမှ မပြောပဲ မျက်ရည်များသာကျနေတာကြောင့် ယွီပင်းဟာ သူ့ဘာသာပဲ အခြေနေကိုတွေးကြည့်လိုက်သည်။
"မဟုတ်မှ...မင်းheat တတ်နေတုန်း တံခါးကိုဖျက်ပြီး အခွင့်ရေးဝင်ယူသွားတာလား။"
"ဟင့်...ဟင့်..."
ရှောင်းကျန့်က ထလာပြီးအသံထွက်ကာငိုယိုတော့ ယွီပင်းက သူ့ကိုပွေ့ဖက်ပြီးနှစ်သိမ့်လိုက်သည်။
"မငိုနဲ့...တောက်..လူပါးဝလို့ကွာ။ အဲ့တာကြောင့် မနေ့ညကထူးဆန်းတယ်ထင်တာ။ ငါတို့တွေအဲ့လောက်ထိ သတိလက်လွတ်တစ်ရက်မှ အိပ်မပျော်ဖူးဘူး။ ဘယ်ကောင်လဲပြော။ ငါ့လက်နဲ့သက်မယ်။"
ရှောင်းကျန့်ကခေါင်းကိုခါပြသည်။
"အင်းလေ မင်းမမှတ်မိတာမဆန်းပါဘူး။ ဒါပေမယ့် ဒီကောင်နောက်တစ်ခါပြန်မလာဘူးလို့ပြောလို့မရဘူး။"
သူ့အပြောကြောင့်ရှောင်းကျန့် မျက်လုံးလေးပြူးသွားပြီး
"ဘာလို့လဲ!"
"ဒီကောင်အရသာ သိသွားပြီ။"
"ငါ့ထက်အရသာရှိတာတွေအများကြီးကို"
"ဘာလဲ မင်းက သူထပ်မလာမှာကို ဝမ်းနည်းနေတာလား။"
"မ မဟုတ်ပါဘူး။ငါက ."
"ကျန့်ကျန့် ကိုယ့်ကိုကိုယ် အဲ့လောက် သိမ်ငယ်မနေနဲ့။ မင်းကအရမ်းလှတယ်။ မင်းမျက်နှာလေးကအရမ်းဖြူစင်ပြီးချစ်ဖို့ကောင်း တယ်။ မင်းရဲ့ အနံ့သက်လေးကလည်းဆွဲဆောင်မှုရှိတယ်။"