ရှောင်းကျန့် ခြံထဲမှာကလေးကိုပိုက်ကာ လမ်းလျောက်ရင်း ပတ်ဝန်းကျင်ကိုမေ့လျှော့လို့နေသည်။ ထိုစဉ်မှာပဲ ဝီလီကရောက်လာ၏။ ဧည့်ကြိုအဆောင်မှာ သူကတည်းတာဖြစ်ပေမယ့် နန်းအိမ်နှင့် တစ်ခြံတည်းဆိုတော့ ဝီလီကလည်း ခြံထဲကိုလမ်းလျှောက်ထွက်ခြင်းဖြစ်သည်။
"အလှလေး..."
ဝီလီကိုမြင်တော့ ရှောင်းကျန့်မလုံမလဲဖြစ်မိသည်။ ရိပေါ်ကသူ့ကိုသဘောမကျဘူးဟုသူထင်သည်။
"ကလေးလေးကဝတုတ်နေတာပဲ။ ဖအေက ရိပေါ်ဆိုတာ DNA စစ်စရာမလိုဘူး။"
ကလေးလေးက ဆံပင်ကအစ ရိပေါ်လိုပဲ ငွေရောင်ဖြစ်သည်။ ဝီလီအပြောကို ရှောင်းကျန့်ပြုံးရုံသာပြုံးပြီးဘာမှ ပြန်မပြောခြေ။
"မင်းဘာလုပ်နေပြန်ပြီလဲ။!"
ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်လိပ်ပြာလွင့်မတတ်လန့်သွားပြီး ဝီလီကပါ ရင်ဘက်ကိုလက်ဖြင့်ဖိရင်း ဘုရားတလေ၏။
"လန့်လိုက်တာကွာ မင်းကလည်း"
"ဘာခိုးမလို့ကြံစည်နေလို့ မင်းကလန့်နေတာလဲ။"
"ငါအလှလေးနဲ့စကားပြောနေတာ။ မင်းရဲ့သားလေးကိုလည်း မမြင်ဖူးလို့ကြည့်နေတာ။"
"မင်းအပိုတွေမပြောနဲ့....ရှောင်းကျန့်အိမ်ထဲဝင်..."
ရှောင်းကျန့် ရှက်လွန်းလို့ ကလေးကိုပိုက်ကာအိမ်ထဲပြေးဝင်သွားလေသည်။
/ ဝမ်ရိပေါ်ကိုလာမလှည့်စားနဲ့။ မသိဘူးလို့ထင်နေပုံပဲ။ မနေ့က ကလေးထိန်းအဒေါ်ကြီးတွေခြံထဲမှာကလေးထိန်းနေချိန် သူ အဲ့ဒီနားမှာ ရှိနေတာပဲ။ ရှောင်းကျန့်ကလေးထိန်းချိန်မှ ကလေးကိုလာမြူတယ်။/
ဝီလီရောက်လာပြီးနောက်ပိုင်း ရိပေါ်ကဆက်တိုက်တြွေပသနာရှာနေတာမို့ ရှောင်းကျန့်စိတ်ညစ်လာသည်။ နေ့ခင်းနေ့လယ် ဆိုလည်းခြံထဲ မဆင်းရပဲ အိမ်ထဲမှာပဲ တဝဲလည်လည်ဖြစ်နေရ၏။
"ဇီယီ ငါ့ယောက်ျားကတစ်ကယ်မုန်းစရာကောင်းတယ်မဟုတ်လား။"
ခုံမှာခြေပစ်လက်ပစ်ထိုင်နေသည့် ရှောင်းကျန့်ခြေထောက်တွေကို ဇီယီနှိပ်နယ်ရင်းပြုံးလိုက်သည်။