ရှောင်းကျန့်ပေါ့ပါးစွာပဲ ခန္တာကိုယ်ဟာနိုးထလာခဲ့သည်။ ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်တော့ လိုက်ကာခန်းစည်းတွေက အစိမ်းနုရောင်ကိုသုံးထားပြီး ပတ်ပတ်လည်ရှိ ပြတင်း တံခါးတွေကဖွင့်ထားတာမို့ နေရောင်ခြည်နှင့် လေညှင်းနုနုတို့ကတိုးဝင်နေသည်။ ရှောင်းကျန့်ရင်ထဲ ကိုယ့်အိမ်ကိုပြန်ရောက်သွားသလိုနွေးထွေးလုံခြုံနေ၏။မင်းသားဝမ်က သူ့ကိုဒီလိုနေရာမျိုးကိုဘာလို့ပို့တာလဲ။ မင်းသားက သူ့ကိုအရေးပေးလွန်းမနေဘူးလား။ သူတွေးတာမမှားဘူးဆိုရင် စရောက်တည်းက သူအိုမီဂါဆိုတာ မင်းသားရိပ်မိလောက်တယ်။ အဲ့ကတည်းက မသတ်ပဲလွှတ်ထားပုံထောက်ရင် သူ့ကိုသူများထက် မျက်နှာသာပေးနေတာမဟုတ်လား။ ရှောင်းကျန့်တွေးရင်း ပြုံးလိုက်သည်။
"နိုးလာပြီလား။"
ခပ်ဩဩအသံကြောင့် ရှောင်းကျန့်အတွေးတွေပျက်ကာ လန့်သွားသည်။ ရှောင်းကျန့်ကြည့်လိုက်တော့ အနက်ရောင် suit နှင့်လူတစ်ယောက်။ အဝတ်စားကိုကြည့်တာနှင့် မင်းသား၏ကိုယ်ရံတော်ဖြစ်တာကိုရှောင်းကျန့်သိလိုက်ရသည်။
"ဒါ..ဒါဘယ်နေရာလဲ။"
မင်းသားကသူ့ကိုသေချာပေါက်မြေအောက်ခန်းထဲခေါ်သွားခဲ့တာ။ ခုရောက်နေတဲ့ နေရာက သက်တောင့်သက်သာဖြစ်လှသည်။
"ကျွန်တော့်နာမည် ယွီပင်း...မင်းကအခုဆိုမင်းသားရဲ့ကိုယ်ရံတော်ဖြစ်သွားပြီ။"
"ဘယ် ဘယ်လို.."
ရှောင်းကျန့် ထလာပြီး အိမ်အပြင်ဖက်ကိုထွက်ကြည့်လိုက်ရာ ကြီးမားသည့်ခြံကြီးထဲမှာ ဘန်ဂလိုမျိုး အိမ်လေးတွေ တစ်လုံးစီဆောက်ထားတာတွေ့ရလေသည်။ ပြီးနောက် ခြံထဲက လူအားလုံးကလည်း ကိုယ်ရံတော်ဝတ်စုံတွေနဲ့ပဲ။
"သူတို့က တစ်ကယ်ပဲ မင်းသားယုံကြည်စိတ်ချရတဲ့သူတွေလား။"
"ဒီမှာရှိတဲ့လူအားလုံးက မင်းသားဆီ အလင်းဝင်လာတဲ့လူတွေချည်းပဲ။"
"သူတို့ သစ္စာမဖောက်ဘူးလို့အာမခံနိုင်လား။"
သူ့အမေးကိုယွီပင်းကပြုံးလိုက်ပြီး လက်ထဲက ဖုန်းလို့ထင်ရတဲ့အရာတစ်ခုကိုထုတ်လိုက်သည်။