20

4.9K 364 9
                                    

"ခိ ခိ ခိ"

၃ လ‌အရွယ်ကလေးလေးရဲ့ ခိုးခိုးခစ်ခစ်အသံက နန်းအိမ်တော်ရဲ့ခြံထဲမှာ ပျံ့လွင့်နေသည်။ မကြာခင် ရက်တစ်ရာပြည့်တော့မှာမို့ မွေးနေ့ပွဲလည်းကျင်းပမည်ဖြစ်သည်။ မနက်ခင်းအချိန်မို့ရှောင်းကျန့် သားလေးနှင့် နေခွင့်ရနေခြင်းပင်။

"ပါးရဲ့သားလေး။ ကလိ ကလိ"

"ခိခိ ခိခိ"

ထိုစဉ်ရိပေါ်ကသူတို့အနားရောက်လာပြီး ရှောင်းကျန်ကို စိုက်ကြည့်ကာ..

"လာခဲ့..."

"ဟင်...၉ နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။"

"ငါ အစည်းဝေးရှိတယ်။ မင်းတာဝန်ကိုမင်းမသိဘူးလား။"

"အာ...ဟုတ်.."

ရှောင်းကျန့်သားလေးကို မပေးချင်ပဲ ပြန်ပေးလိုက်သည်။

"မင်းငါပေးထားတဲ့တာဝန်ကိုမေ့လျှော့ရင် ဟွေ့ ကျူးနဲ့ ထပ်မတွေ့ခိုင်းဘူး။"

"သားကိုအဲ့လိုမခေါ်ပါနဲ့။ လိုချင်လို့မွေးခိုင်းထားပြီး..."

ရှောင်းကျန့်တိုးတိုးလေးပြောလိုက်တာကို ရိပေါ်ကြားပေမယ့် ဘာမှ မပြောပဲ အိမ်ထဲဝင်သွားသည်။ကလေးကို အတိတ်နိမိတ်ကောင်းတွေနဲ့ ဝမ်ရိကျန့်လို့နာမည်ပေးထားပေမယ့် ကလေးကို အမြဲ ဟွေ့ကျူး(ဝက်ဆိုး) လို့ပဲခေါ်နေတာကို ရှောင်းကျန့်မကြိုက်ချင်။

အောက်တောင်ဆင်းလာနေပြီပဲ ကိုယ့်ဘာသာ အင်္ကျီလဲခဲ့တော့ပေါ့။ သူကအမြဲကိုယ့်ကို ခိုင်းချင်နေတာပါပဲ။

အခန်းထဲရောက်တော့ရှောင်းကျန့်က သူ့အား suit ကိုကိုယ်တိုင်လဲပေးရသည်။ ပြီးနောက် သူခြံထဲဆင်းတော့လိုက်ဆင်းရသည်။

"အချိန်လိုသေးတယ်။ ကော်ဖီတစ်ခွက်သွားဖျော်။"

"ဟုတ်".

ရှောင်းကျန့်ကော်ဖီဖျော်ပြီးလာပေးတော့ အရသာခံကာသောက်လေ၏။ ထိုစဉ်

"My Fri !"

ဝီလီကပြေးဝင်လာတာမို့ရိပေါ်မျက်မှောင်ကျုံ့သွားသည်။

"အိုး မင်းက အလှလေးလား..."

သူ့အမေးကြောင့်ရှောင်းကျန့် ဘာပြောရမှန်းမသိရိပေါ်ကို စိုးရွံ့စွာကြည့်မိသွားသည်။ ရှောင်းကျန့်ကအရင်ထက်အသားရေတွေ ကြည်လင်နေပြီး ဆံပင်လေးတွေပါရှည်လာသည်။ သူ့ဆံပင်လေးတွေကို ‌ဖဲကြိုးလေးနှင့် စည်းထားလို့ရပြီဖြစ်သည်။

Enemies Of Prince Wang (Completed)Where stories live. Discover now