ကားထဲမှာ ညှိနှိုင်းမရသည့်အခြေနေကြောင့် ရိပေါ်ရှောင်းကျန့်ကို ကားပေါ်ကနေ ဆင်းခိုင်းခဲ့သည်။ အရင်တစ်ခါကလို နောက်များပြန်လှည့်လာမလာဆိုသည့်အတွေးဖြင့် စောင့်နေမိသည့် ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်ပါ၏။ ချက်ချင်းကြီး ရိပေါ်ရဲ့ပုံစံတွေပြောင်းသွားတာလား။အစတည်းကဒီအတိုင်းပဲလားဆိုတာ ရှောင်းကျန့်ဝေခွဲမရတော့ပေ။ ထိုစဉ်
'T T'
ကားဟွန်းသံကြောင့်ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ယွီပင်း...
"ကျန့်ကျန့် မင်းကလည်းကွာဖုန်းဆက်လိုက်တာမဟုတ်ဘူး။"
ရှောင်းကျန့် ရင်ထဲ အားယုတ်နေသလိုကြီးတလှပ်လှပ်ဖြစ်ကာ ဘာစကားမှလည်းမပြောချင်ပဲ ဒီအတိုင်းအိပ်ယာထဲပစ်လှဲလိုက်ချင်ပြီ။
သူယွီပင်းကားပေါ်ကိုတတ်ထိုင်လိုက်တော့ ယွီပင်းကကားမောင်းလာခဲ့သည်။ တစ်လမ်းလုံးရှောင်းကျန့်ကအပြင်ကိုကြည့်ပြီး တိတ်ဆိတ်နေတာမို့ ကားထဲမှာတိတ်ဆိတ်နေ၏။"ကျန့်ကျန့်...."
"......."
"မင်းခံစားရတာတွေ ငါ့ကိုရင်ဖွင့်လို့ရတယ်။"
"ဘာမှ မဖြစ်ပါဘူး။ ဒီရက်ပိုင်းပင်ပန်းလို့ပါ။"
"ငါအခြေနေကို ရိပ်မိသလိုရှိပါတယ်။ မင်းနဲ့ မင်းသားနဲ့က.."
"ခင်ဗျားဘာသိလို့လဲ။"
"သူကမင်းကိုတစ်ခြားလူထက်ပိုနေတယ်ဆိုတာအသိသာကြီးပဲ။"
"ဘာလဲ မင်းကမနာလိုဖြစ်နေတာလား။"
"ငါက ဘာလို့မနာလိုဖြစ်ရမှာလဲ။"
ဘလိုင်းကြီးပြသနာရှာနေတဲ့ ရှောင်းကျန့်ကြောင့်ယွီပင်းလည်းစိတ်တိုသွားသည်။
"မနာလိုဖြစ်မနေနဲ့ ငါ့ဆီကပ်တာ ငါ့ဆီကလိုချင်တာရှိလို့ကပ်တာ။"
"ငါမနာလိုဖြစ်စရာဘာအကြောင်းမှ မရှိဘူး။"
"အဲ့တာဆို ပြောမနေနဲ့။"
"ကျန့်ကျန့် ငါမင်းကို ညီလေးတစ်ယောက်လိုရင်းနီးလို့"
"မင်းကရော ငါ့ဆီကဘာလိုချင်လို့လဲ။"