တစ်ပတ်လောက်လေ့ကျင့်ရေးဆင်းပြီးမှ မင်းသားဝမ်ရဲ့အနားမှာ အလုပ်လုပ်ဖို့ရှောင်းကျန့်ရောက်လာရသည်။ သေချာလေ့ကျင့်ထားတာမို့ ရှောင်းကျန့်အမှုထမ်းရန်အသင့်ဖြစ်နေပြီး ယခုလည်းမင်းသား၏အခန်း ရှေ့မှာစောင့်နေတာဖြစ်သည်။ ယူနီဖောင်းဖြစ်တဲ့ တီရှပ်လက်ရှည်အဖြူနှင့် စတိုင်ပင်ဘောင်းဘီရှည်အနက်လေးက ရှောင်းကျန့်နှင့်သိပ်လိုက်ဖက်လို့နေသည်။
"မင်းသားဝမ်နိုးပြီ"
အခန်းတံခါးကပွင့်မလာပါပဲ အိမ်တော်ထိန်းကထိုသို့ပြောတာမို့ရှောင်းကျန့်အံ့အားသင့်သွားသည်။
"သေချာအာရုံစိုက်..မင်းကိုသူကအလိုရှိတာမဟုတ်ဘူး။"
"ဟုတ်.."
အိမ်တော်ထိန်းပြောသလိုပဲ ခနနေတံခါးပွင့်လာပြီး မင်းသားလေးထွက်လာသည်။ သူကညဝတ်အင်္ကျီနှင့်ဖြစ်ပြီးအိပ်ယာနိုးတာတောင် အဲ့လောက်ကြည့်ကောင်းတာမို့ ရှောင်းကျန့်သတိလက်လွတ်ငေးမိသွားသည်။
မင်းသားထွက်သွားတာနှင့် သင်ပေးထားသည့်အတိုင်း ၆ ပေအကွာထိကပ်ကာ လိုက်သွားလေ၏။ မင်းသားကရေချိုးခန်းထဲဝင်သွားတာဖြစ်ပြီးသူက မင်းသားအတွက် bathrobe လေးကိုင်ကာစောင့်နေ၏။
"ဘာလုပ်နေတာလဲ"
"ဗျ ဗျာ.."
"အထဲလိုက်ဝင်လေ.."
"ဒါ ဒါက"
"မင်းကိုသင်ပေးတဲ့အထဲမပါဘူးလား။"
"ရေချိုးပြီးရင် ဒီဟာဝတ်ပေးဖို့ပဲ ပြောတယ်။"
"အဲ့တာက အထဲမှာမဝတ်ပေးလို့ ဘာမှမပါပဲ မင်းသားကအပြင်ထိထွက်လာရမှာလား။"
ရှောင်းကျန့် အိမ်တော်ထိန်းကိုပြူးကြည့်နေရာ အိမ်တော်ထိန်းကလိုက်ဝင်ရန်အချက်ပြလိုက်သည်။
"ဒီက ရေချိုးခန်းတံခါးတွေ သော့မပါဘူး"
"ဟုတ်"
ရှောင်းကျန့်တံခါးကိုဖွင့်ပြီးဝင်သွားလိုက်သည်။ ရေချိုးခန်းကကျယ်တာမို့လို့ ရိပေါ်ကိုတိုက်ရိုက်တော့မမြင်ရပဲ ရှေ့နဲနဲတိုးလိုက်မှ ကြွေဇလုံအဖျားလေးမြင်ရသည်။ ပြီးနောက်သီချင်းခပ်အေးအေးလေးကို နားရပြီးရိပေါ်၏ ခြေထောက်ဖွေးဖွေးလေးတွေကဇလုံနှုတ်ခမ်းမှာ တလှုပ်လှုပ်။