"တောက်...ဝမ်ရိပေါ် ဒီကောင်က ငါတို့ကို အမျိုးမျိုးဒုက္ခပေးနေပါလား။"
"ဟုတ်တယ်ခေါင်းဆောင် သူ့ကြောင့်ကျွန်တော်တို့လုပ်ငန်းတွေ ကျပ်တည်းနေတာအမှန်ပဲ။"
"စင်္ကြာဂိုဏ်း အခြေနေဘယ်လိုလဲ။"
"လွန်ခဲ့တဲ့ တစ်နာရီလောက်က ဘုရင့်တပ်တွေ ဝင်စီးသွားပါတယ်။"
"တောက်!"
"ဂိုဏ်းခေါင်းဆောင်က တော်တော်ကြီးပေါက်ကွဲနေတယ်။ခေါင်းဆောင်ဒီကိစ္စကိုဘယ်လိုတာဝန်ယူမှာလဲတဲ့။"
"တောက်! ရာရာစစ သူတို့ဘာသာစောက်သုံးမကျပဲ။"
တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် စင်္ကြာဂိုဏ်းကိုအခကြေးပေးစေခိုင်းခဲ့တာဖြစ်ပြီး။ ယခုစင်္ကြာဂိုဏ်းက ပြိုလဲတော့မည်ဖြစ်တာကြောင့် အမှောင်ဂိုဏ်းခေါင်းဆောင်မှာ အခက်တွေ့နေရသည်။
"ဒီကောင်ဂြိုလ်မကြွဘူးလို့ပြောမရဘူး။ ရှင်းပစ်လိုက်"
"ဂိုဏ်း ဂိုဏ်းခေါင်းဆောင်ကိုလား။"
"ဟုတ်တယ်။ ငါတို့မှာ အသုံးချစရာ မှောင်ခိုဂိုဏ်းတွေအများကြီးပဲ။"
ခေါင်းဆောင်ရဲ့ ရက်စက်မှုကြောင့် သူတို့ခဏတာတိတ်ဆိတ်သွားသည်။
"ဒါနဲ့ခေါင်းဆောင်...ဝမ်ရိပေါ်က နန်းဆက်ကိုမွေးဖို့ကြံစီနေတယ်လို့သံသယရှိနေတယ်တဲ့။"
"ဆေးရုံတွေမှာရော ဘာထူးလဲ"
"မထူးဘူး။ ပြီးတော့ ကျွန်တော်တို့လွှတ်ထားတဲ့ အိုမီဂါကောင်လေးရဲ့အဖွား ပျောက်နေတယ်။"
"ဘာ....."
ခေါင်းဆောင် ထိုင်နေရာမှထထိုင်လိုက်သည်။ ဒါအန္တရာယ်အကြီးဆုံးကိစ္စပဲ။ဒီကောင်လေးသေတယ်လို့သာ ခန့်မှန်းတာ အလောင်းကိုတွေ့ရတာမဟုတ်ဘူး။ အဲ့ဒီကောင်လေးက သူ့နန်းဆက်ကိုသေချာပေါက်မွေးထုတ်နိုင်လိမ့်မယ်။သူ့အဖွားကို ကယ်ပေးမယ်ဆိုတဲ့ အပေးယူဆို ပိုလို့တောင်ဖြစ်နိုင်တယ်။
"ဒီကိစ္စကို အရှိန်မြှင့်ပြီးစုံစမ်း။နန်းအိမ်တော်ထဲက သူလျိုတွေကို အဲ့ကိစ္စကိုအာရုံစိုက်ဖို့ပြောထား။"