ရှောင်းကျန့် မင်းသားဆီသို့ခစားဝင်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"ကျန့်ကျန့် ပြီးပြီလား။"
"အင်း"
"နေကောင်းရဲ့လား ဖြူဖက်ဖြူရော်နဲ့"
"နဲနဲပင်ပန်းသွားလို့"
"မင်းသားက ငါတို့ကိုထားပြီး မင်းတစ်ယောက်တည်းကို ခေါ်သွားတာ။ တော်တော်ပင်ပန်းနေမှာပဲ။နားလိုက်ပါလား။"
"ရပါတယ်။"
သူတို့မင်းသား၏ အခန်းထဲသို့ရောက်တော့ ရိပေါ်က ပေါ့ပေါ့ပါးပါး အဝတ်စားကိုဝတ်ကာ ခုံမှာထိုင်နေ၏။ ယွီပင်းကစာအုပ်တစ်အုပ်ကိုကိုင်ပြီး နန်းတတ်ပွဲအတွက်ပြင်ဆင်စရာနှင့် လိုက်နာစရာတွေကိုရွတ်ဖက်ပြနေသည်။ သို့ပေမယ့် ရိပေါ်ကယွီပင်းကိုအာရုံမစိုက်ပဲ ရှောင်းကျန့်ကိုသာ ကြည့်နေတာကြောင့် ရှောင်းကျန့်ခေါင်းလေးငုံ့ထားသည်။ ယွီပင်းရိပ်မိသွားမှာလည်းကြောက်တာပါသည်။
ယွီပင်းပြောလို့ပြီးခါနီးမှာ ရိပေါ်က ယွီပင်းကိုကြည့်လိုက်သည်။
"လုပ်ဆောင်ရမယ့်အချက်တွေကတော့ဒါပါပဲ။ နန်းတတ်ပွဲပြီးရင်တော့ မင်းသားကိုအထူးဂုဏ်ပြုပွဲတစ်ခုရှိပါတယ်။"
"စိတ်ရှုပ်စရာပွဲတွေပဲ။"
ယွီပင်းက ခေါင်းငုံ့ကာ ဘေးကပ်လိုက်တော့ ရိပေါ်က ရှောင်းကျန့်ကိုကြည့်ပြီး
"အလုပ်မဆင်းနိုင်လောက်ဘူးထင်တာ။ တော်တော်ခံနိုင်ရည်ရှိတာပဲ။"
သူ့အပြောကို ရှောင်းကျန့်ခေါင်းသာညိမ့်ပြသည်။ ပြီးနောက် ခပ်ရို့ရို့လေးပဲ ရပ်နေလေ၏။
"မင်းတို့သွားလို့ရပြီ။ "
ကိုယ်ရံတော်တွေထွက်သွားမည်လုပ်စဉ်
"ကျန့်ကျန့်နေခဲ့။"
ရှောင်းကျန့် သူ့ကိုမျက်လုံးလေးပြူးကာကြည့် ရင်း အနားကိုတိုးကာရပ်လိုက်သည်။ ကိုယ်ရံတော်တွေထွက်သွားသည်နဲ့ ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲကာ သူ့ပေါင်ပေါ်သို့ဆွဲချလိုက်သည်။
"အ့"
ပြီးနောက်ရိပေါ်က သူ့နားရွက်ကိုခပ်ဖွဖွနမ်းလျှက်