ရှောင်းကျန့် အခုရောက်နေသည့်နေရာက နန်းအိမ်တော်၏အပြင်ဖက် ဖြစ်သည်။ အချက်ပေးစက်မြည်တာကြောင့် သတ်မှတ်ထားသည့်နေရာသို့ ရောက်လာခဲ့ရသည်။ ဒီအချိန်က သူရေချိုးသန့်စင်မည့်အချိန်ဖြစ်ပြီး နာရီဝက်အတွင်း မင်းသားဆီခစားရမည်ဖြစ်သည်။
"နိုင်နိုင်းနဲ့တွေ့ချင်တယ်။"
အနက်ရောင်ဝတ်စုံနှင့်လူတွေကြားထဲမှာရှောင်းကျန့်ရောက်နေသည်။ ပြီးအားလုံးကသူ့ကို ကြည့်နေကြသည်။
"ကျွန်တော် မင်းသားကို သတ်နိုင်လောက်တဲ့ လူမျိုးမဟုတ်ဘူး။"
"ဟုတ် ဟုတ် မဟုတ်ဟုတ် ဒါငါတို့မင်းကိုပေးထားတဲ့တာဝန်ပဲ။ မင်းသူ့ကိုမသတ်နိုင်ရင် မင်းနဲ့မင်းအဖွားသေရမယ်။"
"...."
"ဒါနဲ့ သူ့အနားမှာ မင်းအချိန်တော်တော်ကြာကြာနေနိုင်တာပဲ။ omega ဆိုတာကို သူမသိအောင်ဖုံးထားနိုင်တယ်လေ။ ကိုယ့်ကိုကိုယ်တော်တယ်လို့မထင်ဘူးလား။"
"ဆေးတွေကြောင့်ပါ။ ပြီးတော့ သူ့ဖယ်ရိုမုန်းကိုကျွန်တော်လက်ခံနိုင်တာပဲရှိတာ။ ရှင်းရှင်းပြောရရင် သူတို့ရဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းနိုင်ပြီး သူတို့ကိုကျေနပ်အားရစေတဲ့ လူတစ်ယောက်သာသာပဲဖြစ်နေတာ။ နိုင်နိုင်းလိုမျိုးပေါ့ အလွှာပေါင်းစုံက Alpha တွေကို ဖျော်ဖြေမှုပေးနိုင်တာ။"
" ငါတို့ကလည်း မင်းအဖွားလိုပြည့်တန်ဆာဆန်တဲ့ စွမ်းအားပိုင်ဆိုင်ထားလို့ မင်းကိုသုံးတာပေါ့...မင်းအဖွားအဟက်.."
"ကျွန်တော့်အဖွားက ကခြေသည်။"
"ဘာများကွာလို့လဲ အဟက်..."
ရှောင်းကျန့်လက်သီးတွေတင်းနေအောင်ဆုပ်ထားလိုက်သည်။ ဒေါသတွေကြောင့် မေးကြောများထောင်ပြီး ဖယ်ရိုမုန်းတွေကို ထုတ်လွှတ်တိုက်ခိုက်မိ၏။
"မင်း...မင်းအဖွားအသက်ရှင်ရက်မမြင်ရင် ဆက်ပြီး မိုက်ကန်းနေလိုက်.."
"နိုင်နိုင်း..."
ထိုအခါရှောင်းကျန့် စိတ်လျှော့ပြီးအဖွားဖြစ်သူကိုအော် ခေါ်ရာ ဝတ်စုံအနက်နှင့်လူက သူ့လည်ပင်းအားညှစ်ပြီး