ဝမိရိပေါ်နှင့် ရှောင်ယဲ့မင်္ဂလာပွဲကတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကပါစိတ်ဝင်စားလျှက်ရှိသည်။ ဘုရင်ဝမ်ရိပေါ်က social မသုံးသည့်အပြင် မီဒီယာတွေနှင့်လည်း မတွေ့သူမို့ သူတို့နှစ်ယောက်တွဲပြီးပေါ်လာမှာကို အများကမျှော်လင့်နေကြတာဖြစ်သည်။
ယခုသမ္မတကြီးက မိန့်ခွန်းပြောပွဲမှာ အဲ့ဒီကိစ္စကို သေချာပေါက်မေးမည်ဟု မီဒီယာများကအားခဲထားကြတာဖြစ်သည်။
"သမ္မတကြီးလာပြီ...."
သမ္မတကြီးရောက်လာသည်နှင့် ရွေးချယ်ခံထားရသည့်မီဒီယာတွေကရှေ့သို့ထွက်လာကြသည်။
"မကြာခင် ထပ်ပြီးယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲအတွက် သမ္မတကြီးဘယ်လိုပြင်ဆင်ထားပါသလဲ။ အခုထိပြည်သူတွေကလည်း သမ္မတကြီးကိုပဲ ထာက်ခံနေကြတာတွေ့ပါတယ်။"
သမ္မတကြီးက ပြုံးလိုက်ပြီး..
"ကျွန်တော် ရွေးချယ်ခံရဖို့ တစ်ကူးတစ်ကကြိုးစားတာမရှိပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ပြည်သူတွေကို ဘယ်လိုအဆင်ပြေအေးချမ်းအောင်လုပ်ရမလဲ ဆိုတာပဲတွေးပြီး ကိုယ်လုပ်သင့်တာကိုပဲ တစ်စိုက်မက်မက်လုပ်သွားတာပါ။ စေတနာကတန်ပြန်တယ်လို့ပဲ ဆိုရမလား။"
ပရိတ်သတ်တွေက သမ္မတကြီးအထွက် လက်ခုပ်ဩဘာများပေးကြလေသည်။ ပြီးနောက် နောက်ထပ်တစ်ယောက်ကရှေ့ထွက်လာပြီး။
"သမ္မတကြီးရဲ့ အချစ်ဆုံး တူနဲ့တူမတို့ ရဲ့မင်္ဂလာပွဲလုပ်မယ်ဆိုတဲ့ ကောလဟာလတွေအတွက်ရော ဖြေရှင်းဖို့ရှိပါသလား။ "
"ဒါမင်္ဂလာကိစ္စလေ။ ဘာကိုဖြေရှင်းရမှာလဲ။ ပုပ်ရင်ပေါ် ဟုတ်ရင်ကျော် တဲ့။ "
"ဒါဆို ဒီသတင်းက အမှန်ပဲပေါ့။"
"အင်း...ဒီကနေပဲ ကြေငြာလိုက်မယ်။ နောက်တစ်ပတ် Sunday မှာမင်္ဂလာပွဲ ကျင်းပမှာဖြစ်တယ်။"
/ဝိုး အရမ်းကောင်းတဲ့သတင်းပဲ။ နေနဲ့လ ရွှေနဲ့မြပဲ။ ရှောင်ယဲ့မိန်းကလေးဆိုတာကလည်း သွက်လက်ပြီးထက်မြတ်တဲ့မိန်းကလေးမဟုတ်လား။ /
လူတွေအားလုံးရဲ့ ကောင်းချီးဩဘာလက်ခုပ်သံတွေက လွန်စွာမှကျယ်လောင်လွန်းလှသည်။ သမ္မတရဲ့ မိန့်ခွန်းပြောနေသည့် live ကိုတော့ တီဗီရှေ့မှာ ရှောင်ယဲ့ကမက်တပ်အနေထားဖြင့် သဘောကျစွာထိုင်ကြည့်နေသည်။