22

4.8K 326 8
                                    

"မင်းက အချစ်ကို ဘယ်လိုစံချိန်နဲ့သတ်မှတ်ထားတာလဲ။ ငါဆီမှာရော မင်းအတွက်အချစ်ရှိတယ် မခံစားရဘူးလား။"

"ဝ..ဝမ်..!"

ရှောင်းကျန့်တအံ့ တဩဖြစ်ပြ‌‌ီး ရိပေါ်အား ပြူးကြည့်လာတော့ ရိပေါ် သူ့အပေါ်အုပ်မိုးနေရာမှ မက်တပ်ရပ်လိုက်သည်။

"မင်းသဘောပဲ...မင်းစိတ်ကြိုက်ငါလုပ်ပေးမယ်။"

"ဝမ့်ဆီမှာ ကျွန်တော့်အတွက်အချစ်တွေရှိတယ်လို့ပြောချင်တာလား။"

"မင်းက မင်းကို အဲ့ကောင်ဝီလီလိုမျိုး တစ်ချိန်လုံးကြာခိုနေပြီး အီနေမှ ချစ်တယ်လို့မြင်နေတာလား။ မင်းပြန်စဉ်းစားကြည့် မင်းစရောက်လာတဲ့အချိန်ကို ပြန်စဉ်းစား မင်းငါ့ကိုသတ်ဖို့လာခဲ့တဲ့လူ။ဒီထက်ပဲ ငါမင်းအပေါ်ကောင်းပေးရမှာလား။"

"ဒါပေမယ့် ကျွန်တော့်ကို တစ်ချိန်လုံးဆူနေတာ..."

"ငါမင်းကို ပစားပေးလို့ မင်းငါ့ကို သတ်ပစ်မှာရော ငါတွေးမပူရဘူးလား။"

"က ကတိပေးပါတယ်။ အဲ့လိုမလုပ်..."

"စိတ်ပျက်စရာ ကောင်းတယ်။"

'ဂျိန်း'

ရိပေါ်တံခါးကို အပြင်မှ ဝုန်းကနဲပိတ်ပစ်လိုက်သည်။ ရှောင်းကျန့်လည်း ထိုနေရာမှာပဲ ငူငူကြီးအတွေးများစွာနှင့်ကျန်နေ၏။

"သူအခု ငါ့ကိုချစ်တယ်လို့ ဝန်ခံလိုက်တာလား။"

ရှောင်းကျန့်အတွေးများစွာဖြင့် ပြုံးနေမိတော့သည်။ ပြီးနောက်ရိပေါ်ပြန်အလာကိုစောင့်နေပေမယ့် ရိပေါ်က ညဉ့်နက်သည်ထိတောင်ပြန်မလာ‌ခဲ့ပေ။ အိမ်တော်ထဲမှာလည်း ဘယ်သူမှ မရှိတော့တာကြောင့်ရိ‌ ပေါ်ကိုဘယ်နေရာမှ မတွေ့။ နောက်ဆုံးတော့ သူ့ဘာသာပဲ ဝင်အိပ်လိုက်တော့သည်။

___________

Rut ကာလ စလာပြီဖြစ်၍ ရိပေါ် အိမ်တော်ရှိသီးသန့်အခန်းထဲမှာ တစ်ယောက်တည်း ရှိနေသည်။ ယူထားသည့် omega ရှိနေပေမယ့် စကားများထားတာမို့ ကိုယ်ကစပြီး ခေါ်မနေချင်တော့ပေ။ လူတွေကအရမ်းယောင့်တတ်တာ။ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတာအ‌ကောင်းမို့ ကိုယ့်ဘာသာ ထိန်းချုပ်ဆေးသောက်ပြီး အနားယူလိုက်လေ၏။

Enemies Of Prince Wang (Completed)Where stories live. Discover now